သီချင်း း ပြတ်စာ
တေးဆို း ဝိုင်းစုခိုင်သိန်း
အချစ်ဟာနားလည်မှု့လို့ပြောပြီး
မင်းလုပ်ချင်တာလုပ်တယ်ဟေး
မျက်ရည်ကျအောင်လုပ်တာ
မင်းလည်းတနေ့တော့ဝဋ်လည်မယ်
ယုံစားမိခဲ့တော့ငါ့မှာ အရူးတပိုင်းနဲ့ငါငိုတာပေါ့
ကြားနေရတဲ့မင်းရဲ့အကြောင်းတွေ
နားထဲမှာခါးတယ်ဒီတော့
အဝေးကိုပဲထွက်သွားပါ နောက်လှည့်မကြည့်ပါနဲ့
ဒါအိမ်မက်တွေပဲလို့ငါသဘောထားလိုက်ပါမယ်
တော်ပါပြီဒို့နှစ်ယောက်အကြောင်းတွေ
ပြည်ဖုံးကားချလိုက်ပြီ
စိတ်ကူးတွေထဲတောင်မင်းမလာနဲ့
မင်းကိုအပြစ်ပေးမယ်
သံယောဇဉ်ကြိုးရဲ့အမျှင်လေး
ဖြတ်တောက်လိုက်ပြီ
နင်အချစ်ကိုကိုးကွယ်မနေနဲ့တော့
ရင်ခုန်သံလေးရယ် ဒဏ်ရာတွေပေးတယ်
မင်းကြောင့်နဲ့နှလုံးသားတခုတော့ဖျားပြီလေ
ပုံပြင်တွေပေးတယ်နင်ဟာနတ်ဆိုးပဲ
ငါအချစ်ကိုရွေးချယ်တာမှားသွားတယ်
ဒါဟာ ဝဋ်ကြွေးပဲ ဒီဘဝဒီမျှနဲ့
မင်းရေးတဲ့ပြဇာတ်လေးကဆုံးပြီပဲ
ကန့်လန့်ကာကိုချတော့ကြာရင်မေ့သွားရော
ငါ့ရင်ထဲကထုတ်ပြစ်လို့
နင်အဝေးထွက်သွားပါတော့
အချစ်ကိုအကောင်းမမြင်တတ်လို့
လူမိုက်လို့ခေါင်းစဉ်တပ်မယ်
မင်းလာစိတ်မဆိုးနဲ့
ငါရင်ဘက်ကိုခွဲကာ
အခြားနေရာတခုမှာ
သွားလာကျက်စားခဲ့မင်းဟာ
ငါမုန်းတဲ့အိမ်မက်ဆိုးလိုပဲ
ကံဆိုးသူသွားရာမိုးတွေလိုက်ရွာချမှ
မင်းလာမငိုတော့နဲ့
သစ္စာတရားကိုမျက်ကွယ်ပြုတာ
မင်းရဲ့မကောင်းတဲ့အကျင့်ဆိုးပဲ
ထားတော့အမှောင်ထဲမှာ
မင်းလမ်းပျောက်နေမယ်
တော်ပါပြီဒို့နှစ်ယောက်အကြောင်းတွေ
ပြည်ဖုံးကားချလိုက်ပြီ
စိတ်ကူးတွေထဲတောင်မင်းမလာနဲ့
မင်းကိုအပြစ်ပေးမယ်
သံယောဇဉ်ကြိုးရဲ့အမျှင်လေး
ဖြတ်တောက်လိုက်ပြီ
နင်အချစ်ကိုကိုးကွယ်မနေနဲ့တော့
ရင်ခုန်သံလေးရယ် ဒဏ်ရာတွေပေးတယ်
မင်းကြောင့်နဲ့နှလုံးသားတခုတော့ဖျားပြီလေ
ပုံပြင်တွေပေးတယ်နင်ဟာနတ်ဆိုးပဲ
ငါအချစ်ကိုရွေးချယ်တာမှားသွားတယ်
ဒါဟာ ဝဋ်ကြွေးပဲ ဒီဘဝဒီမျှနဲ့
မင်းရေးတဲ့ပြဇာတ်လေးကဆုံးပြီပဲ
ကန့်လန့်ကာကိုချတော့ကြာရင်မေ့သွားရော
ငါ့ရင်ထဲကထုတ်ပြစ်လို့
နင်အဝေးထွက်သွားပါတော့