menu-iconlogo
huatong
huatong
avatar

ဂျူလိယက်

Y Winehuatong
pajoby2huatong
歌詞
作品
သီချင်း - ဂျူးလိယက်

တေးဆို - ဝိုင်ဝိုင်း

အရာရာရင်ဆိုင်

ကျေနပ်မယ့်စိတ်တွေ

ငါရှိခဲ့ပြီ

ရင်ကို ထာဝစဉ်ချိုမြတဲ့

အပြုံးတွေ နင်အမြဲပေးလည်း

ဘာ့အတွက်ကြောင့်များ

နင့်အနား မလာနိုင်ရဲခဲ့

လမ်းတစ်ဝက်မှာ တွေဝေရင်း

စိုးထိတ်နေဆဲ...

တစ်ချိန်မှာ

ပျော်ရွှင်ကြည်နူးမယ့်နေ့တွေ

ငါတမ်းတတယ်

ရင်ကို နာကျင်ခြေမွမယ့်

တံခါးတွေ နင်ဖွင့်လိုက်တော့

ဘဝသစ် စရင်း

အချစ်များ အတူဖန်ဆင်းဖို့

မင်းဘေးမှာ ငါနေရင်း

ရှင်းပြချင်တယ်...

ဂျူလိယက်

နှစ်သိမ့်ခွင့် ပေးလှည့်ပါကွယ်

ဂျူလိယက်

ငါ့ရင်ကို ဝင်ကြည့်လှည့်ပါ

ဂျူလိယက်

အေးစက်စက် ဆောင်းညတွေမှာ

အို အထီးကျန်

ငါ့အမှားတွေ ခွင့်လွှတ်ဖို့

တောင်းပန်တယ်...

ငယ်စဉ်ဖြူစင် သန့်ရှင်းတဲ့

အချစ်တွေ အရောင်ဆိုးခဲ့တယ်

တစ်ခါတစ်ရံ ကိုယ်စီ ဖြေမရတဲ့

အမှားတွေ ရှောင်လွဲမရခဲ့

ဖြေရှင်းဖို့ခက်ခဲ

မဆိုင်တဲ့ မာနများနဲ့

အမှားအယွင်းတွေတူညီပေမယ့်

အရှုံးပေးပါတယ်...

ဂျူလိယက်

နှစ်သိမ့်ခွင့် ပေးလှည့်ပါကွယ်

ဂျူလိယက်

ငါ့ရင်ကို ဝင်ကြည့်လှည့်ပါ

ဂျူလိယက်

အေးစက်စက် ဆောင်းညတွေမှာ

အို အထီးကျန်

ငါ့အမှားတွေ ခွင့်လွှတ်တော့

ဂျူလိယက်

နှစ်သိမ့်ခွင့် ပေးလှည့်ပါကွယ်

ဂျူလိယက်

ငါ့ရင်ကို ဝင်ကြည့်လှည့်ပါ

ဂျူလိယက်

အေးစက်စက် ဆောင်းညတွေမှာ

တကယ် အထီးကျန်

ငါ့အမှားတွေ ခွင့်လွှတ်ဖို့

တောင်းပန်တယ်...

更多Y Wine熱歌

查看全部logo