ဒီလောက်နဲ့ ကျေနပ်ပါ
ဒီရင်ခွင်ကို နင်ကြည့်မလား
အညိုအမဲတွေတထပ်ကြီးပါနင်ပေးခဲ့တဲ့
အမာရွတ်လေးများဟာအမှတ်တရ
လိုတိုင်းမဖြည့်နိုင်တဲ့အခါဒီမိုကရေစီ
ဆန်သတဲ့လား ချက်ခြင်းနင်
အသွင်ပြောင်းသွား ငါရည်စူးခဲ့တာ
နင်တစ်ယောက်တည်းကသာငါ့ဘဝ
ငါ ကောင်းစားချိန်မှာ
ရွှေချထား ဒါငါ့အမှား
ငါ နိမ့်ကျချိန်မှာ
နင်က လူကိုမချစ်ဖူးပြောသတဲ့လား
ငါရင်ခုန်ခဲ့သောနင်ကအခုများ သူစိမ်းလိုပါ
နင်ထွက်သွားပါတော့ နင်ထွက်သွားပါတော့
အလိုက်တသိနဲ့ ငါနေခဲ့ပါမယ်စိတ်ချ
နင်ထွက်သွားပါတော့ နင်ထွက်သွားပါတော့
နှုတ်မဆက်နဲ့ ရင်ခွင်
တံခါးပိတ်ခါနီးမှ ထားခဲ့ပါတော့
ယဉ်ကျေးမှုဆိုတဲ့ အရာ ငါ
သေသေချာချာ ကိုင်ဆုပ်ထား
နင်နဲ့ငါနဲ့ သမိုင်းများ
နောက်ဆုံးအကြွင်းဟာ
အတူတူ မခွဲဘူးဆိုပြီးမှ
နင်အပြောင်းအလဲမြန်လိုက်တာ
ရေပေါ်ဆီလိုနင် ပြုသလား
နင်အချစ်ကို တန်ဖိုးမထား
ငါမှောင်မဲတဲ့ အချိန်နင်ဟာ
အလင်းရှိရာပြေးသွား
ငါ ကောင်းစားချိန်မှာ ရွှေချထား
ငါ နိမ့်ကျချိန်မှာ
နင်က လူကိုမချစ်ဖူးပြောသတဲ့လား
ငါရင်ခုန်ခဲ့သောနင်ကအခုများ သူစိမ်းလိုပါ
နင်ထွက်သွားပါတော့ နင်ထွက်သွားပါတော့
အလိုက်တသိနဲ့ ငါနေခဲ့ပါမယ်စိတ်ချ
နင်ထွက်သွားပါတော့ နင်ထွက်သွားပါတော့
နှုတ်မဆက်နဲ့ ရင်ခွင်
တံခါးပိတ်ခါနီးမှ မေ့ပစ်လိုက်ပါတော့
နင်ထွက်သွားပါတော့ နင်ထွက်သွားပါတော့
အလိုက်တသိနဲ့ ငါနေခဲ့ပါမယ်စိတ်ချ
နင်ထွက်သွားပါတော့ နင်ထွက်သွားပါတော့
နှုတ်မဆက်နဲ့ ရင်ခွင် တံခါးပိတ်ခါနီးမှ
နင်ထွက်သွားပါတော့ နင်ထွက်သွားပါတော့
အလိုက်တသိနဲ့ ငါနေခဲ့ပါမယ်စိတ်ချ
နင်ထွက်သွားပါတော့ နင်ထွက်သွားပါတော့
လက်မပြနဲ့ရင်ခွင်တံခါးပိတ်ခါနီးမှ
ထားခဲ့လိုက်ပါတော့