အချစ်ဆိုသည်မှာ
အံ့ သြမှုများနဲ့  ဆန်းကြယ်သောအရာ
အချစ်ဆိုသည်မှာ
လူသားတိုင်းရဲ့  နှလုံးသားထက်ကရှင်သခင်
အချစ်ဆိုသည်မှာ
ကြေကွဲခြင်းများနဲ့  မျက်ရည်တို့ ရဲ့ ကဗျာ
အချစ်ဆိုသည်မှာ
ခံစားချက်တို့ မွေးဖွားရာနေရာ
အချစ်ဆိုသည်မှာ
ကြည်နူးကြတဲ့ အခိုက် လမင်းတစ်ရာ
အချစ်ဆိုသည်မှာ
ဝမ်းနည်းတဲ့ အခါ နေမင်းကုဋေကဋာ
အချစ်ဆိုသည်မှာ
တားဆီးတတ်ခဲ့  အိပ်စက်ခြင်းများစွာ
အချစ်ဆိုသည်မှာ
အိမ်မက်များနဲ့  အရုဏ်ဦးအလှတရား
တကယ်ဆိုရင် အချစ်ဟာ
ဖြေရှင်းမရတဲ့  ပြသနာ
အချစ်ဟာ အဖြေရှာမရတဲ့ ပုစ္ဆာ
ငါကိုယ်တိုင် အချစ်ဟာဘာလဲမသိတော့ပါ
တစ်ခါတစ်ရံ အချစ်ဆိုတဲ့ အရာနဲ့ 
ဆုံဆည်းလိုက်ချင်လည်း
တစ်ခါတစ်လေတော့ အချစ်နဲ့ ဝေးချင်တယ်
အချစ်ဆိုသည်မှာ
ကြည်နူးကြတဲ့ အခိုက် လမင်းတစ်ရာ
အချစ်ဆိုသည်မှာ
ဝမ်းနည်းတဲ့ အခါ နေမင်းကုဋေကဋာ
အချစ်ဆိုသည်မှာ
တားဆီးတတ်ခဲ့  အိပ်စက်ခြင်းများစွာ
အချစ်ဆိုသည်မှာ
ခံစားချက်တို့ မွေးဖွားရာနေရာ
တကယ်ဆိုရင် အချစ်ဟာ
ဖြေရှင်းမရတဲ့  ပြသနာ
အချစ်ဟာ အဖြေရှာမရတဲ့ ပုစ္ဆာ
ငါကိုယ်တိုင် အချစ်ဟာဘာလဲမသိတော့ပါ
တစ်ခါတစ်ရံ အချစ်ဆိုတဲ့ အရာနဲ့ 
ဆုံဆည်းလိုက်ချင်လည်း
တစ်ခါတစ်လေတော့ အချစ်နဲ့ ဝေးချင်တယ်
တကယ်ဆိုရင် အချစ်ဟာ
ဖြေရှင်းမရတဲ့  ပြသနာ
အချစ်ဟာ အဖြေရှာမရတဲ့ ပုစ္ဆာ
ငါကိုယ်တိုင် အချစ်ဟာဘာလဲမသိတော့ပါ
တစ်ခါတစ်ရံ အချစ်ဆိုတဲ့ အရာနဲ့ 
ဆုံဆည်းလိုက်ချင်လည်း
တစ်ခါတစ်လေတော့ အချစ်နဲ့ ဝေးချင်တယ်