မမေ့နိုင်ဘူးအချစ်ရယ်
မို့မို့ဇော်ဝင်း
Introး
Uploder Aye Kyaw
မမေ့နိုင်တာပဲခက်တယ် အချစ်ရယ်
ယနေ့တိုင်သာပဲမင်းကို လွမ်းနေ
မကြင်နာတမင်ရှောင်တိမ်းလို့
ဘယ်အငြိုးနဲ့ စိမ်းလေသူရေ
ချစ်လိုသူကလိုက်လို့နေ
မုန်းလိုသူကပြေးပေါ့လေ
အချစ်ကိုယုံစားမိသူမှား နေ
အများတကာချစ်သတင်းမေးရင် အရှက်ဖြေ
မရေမရာဟိုဒီစကားနဲ့
ဖြေသိမ့်လို့ ပြောကာသာနေ
အပြုံးမျက်နှာလေးတင်းလို့နေ
အသည်းကငိုကြွေးလျက်ပေါ့လေ
သတိရမိတိုင်း ရင်လှိုင်းခတ်သံပဲ့တင်သံတွေ
ဝေဒနာများနဲ့ ခြေရာများလဲဖျောက်တဲ့အချစ်ရေ
* * * * *
အချစ်နဲ့တွေ့တိုင်း ခိုနားခဲ့ရာ
အချစ်နယ်မြေတွင်
မြင်မြင်ရသမျှ စိုပြေမှုနဲ့ကင်း မဲ့လို့နေ
* * * * *
ကြားလေပြေသွေး ခဲ့လို့ စိမ်း စိမ်းပြီလားလေ
ချစ်လိုသူကလိုက်လို့နေ
မုန်းလိုသူကပြေးပေါ့လေ
မမေ့နိုင်တာပဲခက်တယ် အချစ်ရယ်
ယနေ့တိုင်သာပဲမင်းကို လွမ်းနေ
မကြင်နာတမင်ရှောင်တိမ်းလို့
ဘယ်အငြိုးနဲ့ စိမ်းလေသူရေ
ချစ်လိုသူကလိုက်လို့နေ
မုန်းလိုသူကပြေးပေါ့လေ
အချစ်ကိုယုံစားမိသူမှား နေ
အများတကာချစ်သတင်းမေးရင် အရှက်ဖြေ
မရေမရာဟိုဒီစကားနဲ့
ဖြေသိမ့်လို့ ပြောကာသာနေ
အပြုံးမျက်နှာလေးတင်း လို့နေ
အသည်းကငိုကြွေးလျက်ပေါ့လေ
သတိရမိတိုင်း ရင်လှိုင်းခတ်သံပဲ့တင်သံတွေ
ဝေဒနာများနဲ့ ခြေရာများလဲဖျောက်တဲ့အချစ်ရေ
* * * * *
အချစ်နဲ့တွေ့တိုင်း ခိုနားခဲ့ရာ
အချစ်နယ်မြေတွင်
မြင်မြင်ရသမျှ စိုပြေမှုနဲ့ကင်းမဲ့ လို့နေ
* * * * *
ကြားလေပြေသွေးခဲ့လို့ စိမ်း စိမ်းပြီလားလေ
ချစ်လိုသူကလိုက်လို့နေ
မုန်းလိုသူကပြေးပေါ့လေ
By - Aye Kyaw - greentiger