အောင်ပါစေ
ဇေယျတုနဲ့ခြွေ သပြေနုခက်ဝေ
ရွှေရေချမ်းလောင်းလို့ တောင်းဆုပန်ခြွေ
ကမ္ဘာမြေ အမှီပြုတဲ့
လူထုအားလုံး ကျန်းမာချမ်းသာစေ
အောင်ပါစေသား အောင်စေသားဟေ့
အောင်ပါစေ
ဇေယျတုနဲ့ခြွေ သပြေနုခက်ဝေ
ရွှေရေချမ်းလောင်းလို့ တောင်းဆုပန်ခြွေ
ကမ္ဘာမြေ အမှီပြုတဲ့
လူထုအားလုံး ကျန်းမာချမ်းသာစေ
(အောင်ပါစေသား အောင်စေသားဟေ့)
မြန်မာနိုင်ငံတော်မလေ မင်းသူဌေးကုန်သည်
လယ်ပိုင်ရှင် လယ်သမား
ဆင်းရဲသား မကျန်ပေ
လိုရာဆန္ဒ ပြည့်ဝစေ
(အောင်ပါစေ)
မြန်မာနိုင်ငံတော်မလေ မင်းသူဌေးကုန်သည်
လယ်ပိုင်ရှင် လယ်သမား
ဆင်းရဲသား မကျန်ပေ
လိုရာဆန္ဒ ပြည့်ဝစေ(အောင်ပါစေ)
ရွှေမန်းတင်ရဲ့ စေတနာမေတ္တာတွေ
ဝေဖြာ လှစ်ကာခြွေ
မြန်ပြည်တိုင်းမောက်
ကြံစည်တိုင်း အောင်ပါစေ
စီးပွားရေးရယ် ကြီးပွားရေးရယ်
သမီးရည်းစားရေးလည်း အောင်ပါစေ
(စီးပွားရေးရယ် ကြီးပွားရေးရယ်
သမီးရည်းစားရေးလည်း
အောင်ပါစေ)
ဇဗ္ဗူတစ်ဝှမ်းမှာ လှူဒါန်းမယ့်သူတွေ
(အောင်ပါစေ)
မင်္ဂလာရက်မြတ် လက်ထပ်မယ့်သူတွေ
(အောင်ပါစေ)
ဇဗ္ဗူတစ်ဝှမ်းမှာ လှူဒါန်းမယ့်သူတွေ
(အောင်ပါစေ)
မင်္ဂလာရက်မြတ် လက်ထပ်မယ့်သူတွေ
(အောင်ပါစေ)
ရွှေရေချမ်းလောင်းလို့လေ
ကောင်းမြတ်တဲ့ စေတနာမေတ္တာဝေ
တစ်ဦးမေတ္တာ တစ်ဦးမှာ
ကူးကာဆက်ဆံ တုန့်ပြန်ပါသည်
ဧကန်မလွဲ အမှန်ပါပဲအတည်
တစ်ဦးမေတ္တာ တစ်ဦးမှာ
ကူးကာဆက်ဆံ တုန့်ပြန်ပါသည်
ဧကန်မလွဲ အမှန်ပါပဲအတည်
ရွှေမန်းမောင်တင်
ကြည်လင်သော မေတ္တာဓာတ်ကို
သိမှတ်ကြပေလိမ့်မည်
သောတဆင်ကြတဲ့ လူထုပရိတ်သတ်ကြီးကစုံညီ
မွန်မွန်မြတ်မြတ်နဲ့သာ
အားပေးတယ်လို့ ကျွန်ုပ်ကယုံကြည်
ရွှေမန်းမောင်တင်
ကြည်လင်သော မေတ္တာဓာတ်ကို
သိမှတ်ကြပေလိမ့်မည်
သောတဆင်ကြတဲ့ လူထုပရိတ်သတ်ကြီးကစုံညီ
မွန်မွန်မြတ်မြတ်နဲ့သာ
အားပေးတယ်လို့ ကျွန်ုပ်ကယုံကြည်
ပြည်သူပြည်သားအပေါင်းက ချစ်သဒ္ဒါပွားလို့
မေတ္တာထားပေသည်
ကျွန်တော်လေ ထိုနည်းလည်းကောင်း
ထိုနည်းလည်းကောင်း
ထိုနည်းလည်းကောင်း
စီးပွားရေး အခြေအနေကောင်းလို့
ကျန်းမာစေကြောင်း ဆုတောင်းလိုက်ရပါသည်
စီးပွားရေးရယ် ကြီးပွားရေးရယ်
သမီးရည်းစားရေးလည်း
အောင်ပါစေ
(စီးပွားရေးရယ် ကြီးပွားရေးရယ်
သမီးရည်းစားရေးလည်း
အောင်ပါစေ)
ဇဗ္ဗူတစ်ဝှမ်းမှာ လှူဒါန်းမယ့်သူတွေ
(အောင်ပါစေ)
မင်္ဂလာရက်မြတ် လက်ထပ်မယ့်သူတွေ
(အောင်ပါစေ)
ဇဗ္ဗူတစ်ဝှမ်းမှာ လှူဒါန်းမယ့်သူတွေ
(အောင်ပါစေ)
မင်္ဂလာရက်မြတ် လက်ထပ်မယ့်သူတွေ
(အောင်ပါစေ)
ရွှေရေချမ်း လောင်းလို့လေ
ကောင်းမြတ်တဲ့ စေတနာမေတ္တာဝေ …