သီချင်း - ကြယ်တံခွန်
တေးရေး - ဟန်နေတာ
တေးဆို - ဟန်နေတာ (Eternal Gosh)
Mixing & Mastering - Hsan Moe Htet
Production - Up Production
Studio - WeRecord Studios
အဆင်ပြေနေတဲ့
သတင်းတွေကို ကြားတော့
မနက်ဖြန်တွေမှာ တွေ့ရဦးမယ်
ထင်မိခဲ့တာပေါ့
အချိန်ကို နောက်ပြန်လှည့်လို့ရရင်
ဘယ်လောက်ကောင်းမလဲ
နေဝင်ချိန်ရောက်ခဲ့မယ် မထင်ဘူးပေါ့
ဒီနွေရာသီ ခရီးထွက်မသွားခင်
တွေ့တာ နောက်ဆုံးပေါ့
ပြန်လာဦးမလား
မင်းကို စောင့်မျှော်နေမိခဲ့
ခွဲခွာခြင်းဆိုတဲ့ ကံတရားတွေထဲ
လူတစ်ယောက် တန်ဖိုးဟာ
မရှိချိန်မှ နားလည်
မင်းနဲ့ နောက်ထပ်မတွေ့ရတော့ဘူး
ကြယ်တံခွန်လို မိုးသားထဲ
ခရီးထွက်သွားတော့
တကယ်ဆို
အကောင်ဆုံး ပေးဆပ်သွားခဲ့တာပဲ
ကျန်တာတွေ အားလုံး
နှုတ်ဆက် ထားခဲ့လိုက်တော့
သူငယ်ချင်း
အတူတူ ဘဝခရီးကြမ်းတွေဖြတ်ဖူးတော့
ဒဏ်ရာကိုယ်စီ ရူးမိုက်ခြင်းတွေ
မျှဝေခဲ့ဖူးတော့
ဒိအချိန် မင်းအကြောင်းပြောရင်
မင်းကို သိပ်လွမ်းတယ်
မင်းနဲ့ နောက်ထပ်မတွေ့ရတော့ဘူး
ကြယ်တံခွန်လို မိုးသားထဲ
ခရီးထွက်သွားတော့
တကယ်ဆို
အကောင်ဆုံး ပေးဆပ်သွားခဲ့တာပဲ
ကျန်တာတွေ အားလုံး
နှုတ်ဆက် ထားခဲ့လိုက်တော့
သူငယ်ချင်း
ခွဲခွာခြင်းဆိုတဲ့ ကံတရားတွေထဲ
လူတစ်ယောက် တန်ဖိုးဟာ
မရှိချိန်မှ နားလည်
မင်းနဲ့ နောက်ထပ်မတွေ့ရတော့ဘူး
ကြယ်တံခွန်လို မိုးသားထဲ
ခရီးထွက်သွားတော့
တကယ်ဆို
အကောင်ဆုံး ပေးဆပ်သွားခဲ့တာပဲ
ကျန်တာတွေ အားလုံး
နှုတ်ဆက် ထားခဲ့လိုက်တော့
မင်းနဲ့ နောက်ထပ်မတွေ့ရတော့ဘူး
အကောင်ဆုံး ပေးဆပ်သွားခဲ့တာပဲ
ကြယ်တံခွန်လို မိုးသားထဲ
ခရီးထွက်သွားတော့
အိပ်မက်တွေထဲ
လွမ်းနေမယ်
သူငယ်ချင်း
အဆင်ပြေနေတဲ့
သတင်းတွေကို ကြားတော့
မနက်ဖြန်တွေမှာ တွေ့ရဦးမယ်
ထင်မိခဲ့တာပေါ့
အချိန်ကို နောက်ပြန်လှည့်လို့ရရင်