သီချင်း - Sun Shine
တေးဆို - JCZ ft Lil Monkey
အမှောင်ထဲကအတင်းပြေးထွက်
ရောင်နီတွေပြန်ထွန်းလင်းမဲ့နေ့ရက်
သံစဉ်တွေဟာငါ့ကိုအားအသစ်တခုပေးခဲ့
Today is Sunshine sunshine
ခုထိအသက်ရှင်နေတုန်းအလိုက်အထိုက်
ဒါပေမဲ့ငါကလောကကြီးအတွက်
အမှိုက်သရိုက်ဖြစ်စေခဲ့တဲ့
အတွေးတွေကြောင့်
ငါ့ကိုယ်ငါတောင်မကြိုက်တကြိုက်
ဆိုက်ကိုဖောက်တဲ့nightlifeမှာ
နတ်ဆိုးတွေနဲ့ငါတိုက်ခိုက်
yeah ငါကငှက်တကောင်ဆို
အဲ့ဒီ့ငှက်ကအတောင်ဆုံးနေခဲ့
ပျံသန်းချင်လဲ
လမ်းကြောင်းတွေပျောက်ဆုံးနေဆဲ
နတ်ဆိုးကစိတ်ထဲကို
အကောင်အလုံးတွေနဲ့အနှောင်အထုံးတွေဖွဲ့
ပြီးတော့ဘေးမှာငါ့ကိုထိုင်ကာကြည့်
လှောင်ပြုံးတွေနဲ့
အရှုံးပေးလိုက်ရင်ရှုံးသွားမှာငါလေ
မပျော့ညံ့စေနဲ့ စိတ်ဓာတ်တို့မာစေ
လွတ်မြောက်စေမဲ့နည်းလမ်းများရှာဖွေ
လောကကြီးမှာကြောက်တတ်ရင် ၂ခါသေ
အဲ့တော့မတွေး လူ့ဘဝမှာပျော်ပျော်နေရင်း
ညဘက်တွေအိပ်ကောင်း
နိုးသွားတာတော်တော်နေမြင့်
ဝင်လာတဲ့ဒုက္ခတွေက
အဖော်အလှော်တွေနှင့် ကြာတော့လဲ
အဲ့ဒုက္ခနဲ့ဘော်ဘော်တွေဖြစ်
အမှောင်ထဲကအတင်းပြေးထွက်
ရောင်နီတွေပြန်ထွန်းလင်းမဲ့နေ့ရက်
သံစဉ်တွေဟာငါ့ကိုအားအသစ်တခုပေးခဲ့
Today is Sunshine sunshine
ငါကူးခပ်လဲကမ်းနဲ့ဝေး မှုန်ရီနေတဲ့
အလင်းလေးတခုလှမ်းတွေ့
မျှော်လင့်ချက်ရောက်ခြည်လေး
ခုတော့သမ်းနေ Sunshine Shine
လူဖြစ်လာကထဲ ရုန်းကန် ပင်ပန်းမယ်
ပင်ပန်းတာဘဝ အနုပညာရှင်
ဘဝတော့ကြမ်းတယ် အပြင်ပန်းသာလှ
ငါတို့ရဲ့အဖြစ်က မျက်မမြင်တောတိုးတဲ့
ဆင်ကန်းသာသာ အမှားတွေလုပ်ခဲ့ဖူးတယ်
အမှားတွေကသင်ခန်းစာရ
အသက်ရှူသံနဲ့သက်ပြင်းသံကြား
အသက်ရှင် လဲကျသွားရင်ချက်ချင်းပြန်ထ
လောကဓံရဲ့တချက်
အပြင်းကန်ချက်တွေကြားက
rapသီချင်းသံများးကြောင့်ငါ့ရဲ့
အမှောင်ဖုံးတဲ့စိတ်ကချက်ချင်း
ဉာဏ်အလင်းပြန်ရ ပျော်ရွှင်မှုတွေကြား
ဒုက္ခကနေရာဖယ်
မျော်လင့်ချက်ဆိုတာမရှိရင်သေမှာပဲ
ဒီတော့ငါအားလုံးလဲသိအောင်ကြေငြာမယ်
ဒီနေ့ ငါ့ရပ်ကွက်အနီးတဝိုက်မှာနေသာတယ်
ပြန်တွေးကြည့်ရင်ငါ့မိဘလဲငါ့ကိုမပစ်ပယ်
ငါ့ဘေးမှာရှိတဲ့ငါ့ချစ်သူကလဲငါ့ကိုချစ်တယ်
အဲ့တော့ဘာကြောင့်နဲ့
စိတ်ဓာတ်တွေကျလို့ဖြစ်မလဲ
လူသစ်စိတ်သစ် ပြန်စလိုက်ဘဝကိုအသစ်ပဲ
အမှောင်ထဲကအတင်းပြေးထွက်
ရောင်နီတွေပြန်ထွန်းလင်းမဲ့နေ့ရက်
သံစဉ်တွေဟာငါ့ကိုအားအသစ်တခုပေးခဲ့
Today is Sunshine sunshine
ငါကူးခပ်လဲကမ်းနဲ့ဝေး မှုန်ရီနေတဲ့
အလင်းလေးတခုလှမ်းတွေ့
မျှော်လင့်ချက်ရောက်ခြည်လေး
ခုတော့သမ်းနေ Sunshine Shine