အချစ်ရဲ့ ကိုယ်ရံတော် 
ကိုင်ဇာ ၊ မေခလာ 
F အဓိပတိလမ်းမပေါ် 
တူတူတွဲလို့ လျှောက်စို့နော် 
M အချစ်ရဲ့သဘောကျ အမြဲတမ်း ကိုယ်ရံတော် 
F တစ်ယောက်လက် တစ်ယောက်ချိတ်ကာ 
ရီစရာလေးများ ပြောပြနော် 
M အချစ်ပျော်မြူး အောင်လုပ်မယ့် လူရွှင်တော် 
F ကျောင်းခန်း ထဲစားရန် 
အချဉ်ထုတ် ကလေးများ ပို့လှည့်နော် 
M ဂရုစိုက်တတ်တဲ့ အချစ်ရဲ့အ၀ယ်တော် 
F လိုက်လို့ မရတဲ့စာတွေ 
လာပြပေးဖို့ မမေ့နဲ့နော် 
M ချစ်သူအတွက်ဆို ကထိကလိုပဲတော် 
F ဘယ်နေရာကို သွားသွား မောင့်ကို ထာဝစဉ်ခေါ် 
မျက်စိနောက်မယ့် ပတ်ဝန်းကျင်ကို 
မကြောက်သော မောင့်ရဲ့အဖော် 
M လေးစားပါတယ် အချစ်ကလေးအပေါ် 
မင်းအတွက် အကြိုတော် အပို့တော် 
ကျောင်းတစ်ခုလုံးတောင် သိပါစေ မမှုပါနော် 
F အင်းယားထဲ သွားထိုင်ကာ 
အကြင်နာ သီချင်းလေး ညည်းပြနော် 
M အပျင်းလေး ဖျောက်မယ့် အချစ်ရဲ့အဆိုတော် 
F အတန်းပြီး သွားတဲ့အချိန် 
အိမ်ပြန်ပို့ ဖို့ စောင့်နှင့်နော် 
M အချစ်ရဲ့ နံဘေးမှာ ကလေးလေး လိုပဲပျော် 
F အဓိပတိလမ်းမပေါ် 
တူတူတွဲလို့ လျှောက်စို့ နော် 
M အချစ်ရဲ့ သဘောကျ အမြဲတမ်း ကိုယ်ရံတော် 
F တစ်ယောက်လက် တစ်ယောက်ချိတ်ကာ 
ရီစရာလေးများ ပြောပြနော် 
M အချစ်ပျော်မြူး အောင်လုပ်မယ့် လူရွှင်တော် 
F ကျောင်းခန်း ထဲစားရန် 
အချဉ်ထုတ် ကလေးများ ပို့လှည့်နော် 
M ဂရုစိုက်တတ်တဲ့ အချစ်ရဲ့ အ၀ယ်တော် 
F လိုက်လို့ မရတဲ့စာတွေ 
လာပြပေးဖို့ မမေ့နဲ့ နော် 
M ချစ်သူအတွက်ဆို ကထိကလိုပဲတော် 
F ဘယ်နေရာကို သွားသွား မောင့်ကို ထာဝစဉ်ခေါ် 
မျက်စိနောက်မယ့် ပတ်ဝန်းကျင်ကို 
မကြောက်သော မောင့်ရဲ့အဖော် 
M လေးစားပါတယ် အချစ်ကလေးအပေါ် 
မင်းအတွက် အကြိုတော် အပို့တော် 
ကျောင်းတစ်ခုလုံးတောင် သိပါစေ မမှုပါနော် 
F အင်းယားထဲ သွားထိုင်ကာ 
အကြင်နာ သီချင်းလေး ညည်းပြနော် 
M အပျင်းလေး ဖျောက်မယ့် အချစ်ရဲ့အဆိုတော် 
F အတန်းပြီး သွားတဲ့အချိန် 
အိမ်ပြန်ပို့ ဖို့ စောင့်နှင့်နော် 
M အချစ်ရဲ့ နံဘေးမှာ ကလေးလေး လိုပဲပျော်