တာဝတိံသာက 
နတ်သမီးလေးတစ်ပါး 
နတ်သက်ကြွေကာ 
မြန်မာပြည်မှာလူဖြစ်ပြီးတော့ 
မွေးဖွားလာတယ် 
ဣနြေ္ဒပိုင်ရှင်ယဉ်ကျေးမူနဲ့ 
သူ့အလှတွေရယ် 
မြင်လျှင်မြင်လျှင် မြင်ချင်းဘဲကွယ် 
ချစ်မိစေတယ် 
ကိုယ်နှလုံးသားက 
လက်ညိုးထိုးပြခဲ့တယ် 
ရည်မှန်းထားတဲ့ 
အချစ်ပန်းကောင်းတစ်ပွင့်မို့ကွယ် 
ဆွတ်ခူးလက်ကမ်းလှမ်းကြံရွယ် 
ကြွေပါတော့ကွယ် 
ပေပေတေတေ နေပစ်ခဲ့သမျှ 
တို့ပြုပြင်မယ် 
အိမ်ရာထူထောင်အတည်တကျဖြစ်ဖို့ 
ကြိုးစားချင်တယ် 
ကိုယ်ကြင်နာသူ ကိုယ့်ရည်းစားလေး 
တင့်တင့်တယ်တယ် 
လူပုံအလယ်မှာ မျက်နှာပန်းလှဖို့ 
တို့စွမ်းဆောင်မယ် 
သူငယ်ချင်းများနဲ့ 
အပျော်ပါးလည်းလျှော့ပါ့မယ် 
အိမ်မြဲပါ့မယ် 
သန်းခေါင်ညဥ့်နတ်လမ်းထွက်မလည် 
အရင်တုန်းကအချိုးမျိုးပြင်ကာ 
လိမ္မာပါ့မယ် 
ကြင်နာသူကို ရည်မှန်းကြိုးစား 
စွမ်းအားတွေရယ် 
ဓူဝံကြယ်ကို တောင်ဘက်အရပ်သို့ 
ရွှေ့ပစ်လိုက်နိုင်တယ် 
နာမည်ကျော်တဲ့သူရဲကောင်းတစ်ယောက် 
မဟုတ်ခဲ့ပေမယ့် 
ပင်လယ်ပြင်ကို ပြာကျတဲ့အထိ 
မီးရှို့နိုင်တယ် 
ညာလက်ရုံးနဲ့ 
တည်ဆောက်ရမဲ့ဘဝရယ် 
ဘယ်လကိရုံးနဲ့ 
ကိုယ်သိမ်းပိုက်မယ့်အချစ်ရယ် 
ယောကျားကောင်းတစ်ယောက်ရဲ့သစ္စာနဲ့ 
ကြင်နာပါ့မယ် 
သူရယ်ကိုယ်ရယ်ရှေ့သွားနောက်လိုက် 
ဆံထုံးနဲ့သျှောင်နဲ့ 
အိမ်သူကြင်ဖော် 
နှစ်ယောက်တည်းသီးသန့် 
ဖြစ်တဲ့အခါမယ် 
သူသူငါငါ ရေလဲသုံးတဲ့ 
စကားလေးကိုကွယ် 
အကြိမ်ကြိမ်အဖန်ဖန် 
ထပ်တလဲလဲမက 
ပြောပြောနေမယ် 
ဒီလောကနဲ့ 
အလွန်ဝေးတဲ့အရပ်တစ်ခုမယ် 
သမ္မာကျမ်းထဲက 
ကဘမ္မာဦး သမီးရည်းစားလို 
နှစ်ယောက်တည်းနဲ့ 
ကိုယ့်ရဲ့တိုင်းပြည်ကို 
ထူထောင်ကြမယ်