ချစ်တယ်မီးရယ်
ခင်မောင်ထူး
တွေ့စကကိုယ့်ရင်ထဲ
နွေးလာတယ် ..
တစ်စစနဲ့မီးလိုပဲပေါ့
အိုတောက်လောင်တဲ့
အချစ်တွေစွဲလို့ရယ်.....
ကိုယ့်ဘ၀က
ဒီမီးတောက်ထဲမှာ
အစဉ် ပေးရတော့မယ်...
တဖြးည်းဖြည်းနဲ့
ချစ်မီးတောက်တွေရယ်..
တိုးမြင့်လျက်ကျေနပ်လျက်
ကိုယ်လေဘ၀တစ်ခုလုံး
ကျွမ်းအောင်ချစ်ခဲ့တယ်....
တွေ့းလိုက်တိုင်း
နောင်တတို့ကင်းရှင်းလို့
ချစ်လျက်ကွယ်....
ချစ်တယ်မီးရယ်
အသည်းထဲစွဲလျက်
ကိုယ်ဆက်ချစ်မယ်...
အေးချမ်းတဲ့မီးလို့ 
အသည်းထဲက ကိုယ်
အမြဲတမ်းယုံတယ်
ချစ်တယ်မီးရယ်
နှလုံးသားလေးထဲ
အစဉ်စွဲလို့ရယ်..
စက္ကန့်တိုင်းပေါ့တိုးလို့
ချစ်ရဖို့ အစဉ်
မျှော်လင့် တယ်...
ကိုယ့်ဘ၀ရဲ့ 
အနာဂတ်နေ့တွေရယ်
မီးလက်သို့အပ်နှင်းပြီး
အစွန်းဆုံးအထိပဲကွယ်
ချစ်ခဲ့တယ်...
နည်းနည်းမှမကျေနပ်ဘူး
မပြောဘူးကွယ်
မီးလေးရယ်....
အဆိပ်တက်လို့
ပြောတာများထင်လား
မီးတောက်တို့အရှိန်မြှင့်လို့
ကိုယ်လေဘ၀တစ်ခုလုံး
ကျွမ်းအောင်ချစ်ခဲ့တယ်...
နည်းနည်းလေးမှ
နောက်မဆုတ်နိုင်ပါ
ချစ်လျက်ကွယ်...
ချစ်တယ်မီးရယ်
အသည်းထဲစွဲလျက်
ကိုယ်ဆက်ချစ်မယ်..
အေးချမ်းတဲ့မီးလို့ 
အသည်းထဲက ကိုယ်
အမြဲတမ်းယုံတယ်
ချစ်တယ်မီးရယ်
နှလုံးသားလေးထဲ
အစဉ်စွဲလို့ရယ်
စက္ကန့်တိုင်းပေါ့တိုးလို့
ချစ်ရဖို့ အစဉ်
မျှော်လင့် တယ်
ပြီးပါပြီ