မှာချင်တယ်မေ့မလွမ်းနဲ့
ညီရဲထိုက်
ဘလက်အီးဂဲလ်(BEF)
မှာချင်တယ် မေမလွမ်းနဲ့
မောင်ကြီးချစ်တဲ့ ပန်းကြာနွဲ့ရယ်
တစ်ယောက်လက် တစ်ယောက်ကမ်း
ခရီးကြမ်းကို လှမ်း .. ခဲ့
စိတ်ရယ် ညီတူ
အချစ်ရယ် ကြည်ဖြူတယ်
မြေလွှာ ပန်းကြဲ
ကိုယ့်ရင်ထဲ ပျော်ခဲ့ရတယ်
ဆောင်းအကုန် နွေအကူးဝယ်
ပန်းခြောက်တွေ မြေ၀ယ်လွှမ်းရင်
ချစ်တဲ့သူ လွမ်းလေမလားကွယ် ..
အခုတော့ တစ်ရွာတစ်ကျေး
မလွဲသာ ခွဲခွါရသည်က
လူမှု အကျိုးနဲ့ရယ်
ကျေးလက် ဖွံ့ဖြိုးဖို့တစ်သွယ်
ဒါတွေ မေ သိခဲ့ရင်
မှာချင်တယ် မေမလွမ်းနဲ့
မောင်ကြီးချစ်တဲ့ ပန်း ကြာနွဲ့ရယ် ..
မှာချင်တယ် မေမလွမ်းနဲ့
မောင်ကြီးချစ်တဲ့ ပန်းကြာနွဲ့ရယ်
တစ်ယောက်လက် တစ်ယောက်ကမ်း
ခရီးကြမ်းကို လှမ်း .. ခဲ့
စိတ်ရယ် ညီတူ
အချစ်ရယ် ကြည်ဖြူတယ်
မြေလွှာ ပန်းကြဲ
ကိုယ့်ရင်ထဲ ပျော်ခဲ့ရတယ်
ဆောင်းအကုန် နွေအရောက်ဝယ်
ပန်းခြောက်တွေ မြေ၀ယ်လွှမ်းရင်
ချစ်တဲ့သူ လွမ်းလေမလားကွယ် ..
အခုတော့ တစ်ရွာတစ်ကျေး
မလွဲသာ ခွဲခွါရသည်က
လူမှု အကျိုးနဲ့ရယ်
ကျေးလက် ဖွံ့ဖြိုးဖို့တစ်သွယ်
ဒါတွေ မေ သိခဲ့ရင်
မှာချင်တယ် မေမလွမ်းနဲ့
မောင်ကြီးချစ်တဲ့ ပန်း ကြာနွဲ့ရယ် ..
ရှေးအခါ
ဆွေးကဗျာတွေ သီကုံးကြတယ်
ရှေးအခါ ၀ယ် ..
ဆွေးကဗျာတွေ သီကုံးဖွဲ့ကြတယ်
မနှေး ဖွေရှာရွယ်
ကျေး စေကာ တစ်သွယ်
သည်ဆီရွယ် .. ၍
မိုးလည်တိမ်မြေ ပျံပါလေတော့
ချစ်သူထံ စေစားခဲ့ကြတယ်
ချစ်သူ ငယ်ပေါင်းရယ်
အဲဒီခေတ်တွေ နှောင်း ခဲ့ပေါ့ကွယ် ..
မနှေး ဖွေရှာရွယ်
ကျေး စေကာ တစ်သွယ်
သည်ဆီရွယ် .. ၍
မိုးလည်တိမ်မြေ ပျံပါလေတော့
ချစ်သူထံ စေစားခဲ့ကြတယ်
ချစ်သူ ငယ်ပေါင်းရယ်
အဲဒီခေတ်တွေ နှောင်း ခဲ့ပေါ့ကွယ် ..
တစ်နွေ တစ်မိုးရယ် ပြောင်း
တစ်ဆောင်း ရောက်လေတိုင်း
ပျော်တယ် မောင်ရယ် ..
နှင်းတွေ ဝေရင်တော့ကွယ်
မောင်နဲ့မေ လမ်းလျှောက်ရတာ
စိတ်ဝယ် ပျော်မဆုံးတယ်
အဲသလို နှင်းမှုန်ကြားဝယ်
ချစ်စကား အလှပတွေ ကြွယ်
သူ့ဘ၀ကို ပန်းတော်ဝင်သဇင်နှယ်
ကိုယ့်ဘ၀ကို နှင်းနဲ့နှိုင်းလို့ရယ်
နှင်းမဝေ သဇင်ညှိုး
မုန်းမိုးရွာမှာ စိုးသတဲ့
ပူပန် တတ်သော ..
သူအပြောကလေး ချစ်စရာကွယ်
ယနေ့တိုင် ကြားယောင်နေပါတယ် ..
တစ်နွေ တစ်မိုးရယ် ပြောင်း
တစ်ဆောင်း ရောက်လေတိုင်း
ပျော်တယ် မောင်ရယ် ..
နှင်းတွေ ဝေရင်တော့ကွယ်
မောင်နဲ့မေ လမ်းလျှောက်ရတာ
စိတ်ဝယ် ပျော်မဆုံးတယ်
အဲသလို နှင်းမှုန်ကြားဝယ်
ချစ်စကား အလှပတွေ ကြွယ်
သူ့ဘ၀ကို ပန်းတော်ဝင်သဇင်နှယ်
ကိုယ့်ဘ၀ကို နှင်းနဲ့နှိုင်းလို့ရယ်
နှင်းမဝေ သဇင်ညှိုး
မုန်းမိုးရွာမှာ စိုးသတဲ့
ပူပန် တတ်သော ..
သူအပြောကလေး ချစ်စရာကွယ်
ယနေ့တိုင် ကြားယောင်နေပါတယ်
ပုလဲရောင်ပြေး ပန်းမြမြမွှေးကို
ရွေးချယ် ဆွတ်ခူးလို့
မင်းကေသာ နက်မှောင်ထက်ဝယ်
သည်ပန်းကိုပန် ပြုံးဟန်ဆပွား
ကိုယ်အပြန် ရွာအ၀င်နားကရယ်
ချစ်လျက်ပါ အမှတ်အသားနဲ့
ထား သစ္စာ သက်သေပြရမယ်
မှာချင်တယ် အခုတော့မလွမ်းနဲ့
မောင်ကြီးချစ်တဲ့ ပန်းကြာနွဲ့ရယ် ..
ပုလဲရောင်ပြေး ပန်းမြမြမွှေးကို
ရွေးချယ် ဆွတ်ခူးလို့
မင်းကေသာ နက်မှောင်ထက်ဝယ်
သည်ပန်းကိုပန် ပြုံးဟန်ဆပွား
ကိုယ်အပြန် ရွာအ၀င်နားကရယ်
ချစ်လျက်ပါ အမှတ်အသားနဲ့
ထား သစ္စာ သက်သေပြရမယ်
မှာချင်တယ် အခုတော့မလွမ်းနဲ့
မောင်ကြီးချစ်တဲ့ ပန်းကြာနွဲ့ရယ် ..
သက်ဆိုင်သူများအားလုံးကို
credit ပေးပါသည်ခင်ဗျား
ဘလက်အီးဂဲလ်(BEF)