နာရီပေါ်ကမျက်ရည်စက်များ
ဆို - ထူးအိမ်သင်
နာရီသံတွေ ဆူညံလွန်းနေ
ရင်ခုန်သံတွေ
မြန်တယ်အချစ်ရေ..
ငိုချင်ပါတယ်
မျှော်လင့်ခြင်းတွေ
တို့တွေ ဒီအချိန်ဟာ..
နောက်ဆုံးလား...
နှုတ်ဆက်လိုက်ဖို့
အားတင်းထားရင်း
ပါးပြင်ပေါ်က
မျက်ရည်တွေဟာ
အချိန်နာရီတွေပေါ်ကို
ကျော်လွန်ရေလို ဖြတ်ပြီး..
စီးဆင်းနေဆဲ.....
ချစ်သူရေ........
နှလုံးသားထဲဆွေး.......
ကြင်နာတာတွေ
ပြန်လည်တွေးနေ
နာကျဉ်ပါတယ်
ကိုယ့်အသည်းတွေ
ယုံကြည်ပါတယ်
မျှော်လင့်ခြင်းတွေ
ပြန်ဆုံနိုင်မယ်ထင်သေးလား....
ငိုရင် ပုလဲ.. ရယ်ရင် ရွဲ ..
အရာရာ အားလုံး ပြည့်စုံတယ်
အချစ်နဲ့......
အခြေနေမဲ့... ရွှေငွေမဲ့...
အရာရာအားလုံးရှုံးနေတယ်...
တို့ နှစ်ယောက်ရဲ့ဘ၀
ဒါဟာ... နောက်ဆုံးပဲ
အချစ်ကလေးရယ်..
ဒါဟာ.. နောက်ဆုံးကွယ်...
^^^^^^^^^^^^^
ဟန်ဆောင်နေတာ
လိမ်ညာခြင်းလေ
ပိုင်ဆိုင်ချင်တာ
၀န်ခံပါရစေ
မဆုံနိုင်တာ
ဘာကြောင့်လဲ မေ...
တို့တွေ ဒီနေရာမှာ
နောက်ဆုံးလား
နှုတ်ဆက်လိုက်ဖို့
အားတင်းထားရင်
ပါးပြင်ပေါ်က
မျက်ရည်တွေဟာ
အချိန်နာရီတွေပေါ်ကို
ကျော်လွန် ရေလိုဖြတ်ပြီး
စီးဆင်းနေဆဲ... ချစ်သူရယ်
နှလုံးသားထဲဆွေး.......
တကယ်ကြင်နာ မြတ်နိုးနေ
မပန်ခင်မှာ မခြွေရက်ဘူးလေ
တစ်ချိန်ချိန်ကို ကိုယ်မျှော်လင့်နေ
တို့တွေ ပြန်ဆုံနိုင်မယ်ထင်သေးလား..
ငိုရင် ပုလဲ.. ရယ်ရင် ရွဲ ..
အရာရာ အားလုံး ပြည့်စုံတယ်
အချစ်နဲ့......
အခြေနေမဲ့... ရွှေငွေမဲ့...
အရာရာအားလုံးရှုံးနေတယ်..
တို့ နှစ်ယောက်ရဲ့ဘ၀
ဒါဟာ... နောက်ဆုံးပဲ
အချစ်ကလေးရယ်..
ဒါဟာ.. နောက်ဆုံးကွယ်...
ဒါဟာ .....
နောက်ဆုံး....... ပဲ.....
Thank?