"သီတင်းကျွတ်ဖူးစာ"
တေးဆို - Po Po (feat.. Htoo Hhit)
ချစ်သူတစ်ယောက်ကို တွေ့ပီထင်တယ်
သူ့ကိုကျမရင်ထဲမှာ တွယ်ငြိခဲ့
သီတင်းကျွတ် လပြည့်ညရယ်
သူရယ်ကိုယ်ရယ်
ရင်ခုန်သံတွေ.......
ညမှောင်မှောင် ကောင်းကင်ကြီးမှာ
မီးပုံးများဟာ ကြယ်ကလေးများနဲ့
တန်းတူ လှနေကြတယ်
မီးပုံးတွေ ဘယ်နှစ်လုံးလဲ
လိုက်ရေတွက်ရတာ အမော
တစ်နှစ်မှ တစ်လ
တစ်လမှ သုံးရက်ပါဘဲကွယ်
ပျော်ရွှင်စရာကောင်းတဲ့
တို့ပွဲတော်ကြီးထဲ....
ဆီမီးတွေထွန်းတဲ့ ဒီညမယ်
သူလေးနဲ့အမှတ်တမဲ့ ဆုံတော့ကွယ်
ဗျောက်အိုးသံများထက်
ကျယ်လွန်းတယ် ရင်ခုန်သံများကို
ဘယ်လိုထိန်းချုပ်ရမလဲ ကောင်လေးရယ်
မျက်ဝန်တွေ နှစ်ဦးသားဆုံတော့ကွယ်
ညိုချောလေး ကျမရဲ့အချစ်ဆုံးနဲ့
အကြည့်ချင်းဆုံတော့....
ချစ်သူတစ်ယောက်ကို တွေ့ပီထင်တယ်
သူ့ကိုကျမရင်ထဲမှာ တွယ်ငြိခဲ့
သီတင်းကျွတ် လပြည့်ညရယ်
သူရယ်ကိုရယ်
ရင်ခုန်သံတွေ ဝုန်းဒိုန်းကြဲ...
ပျော်ရွှင်ပါတယ် မင်းလက်တွဲ
သံယောဇဉ် ကြိုးတွေတိုးရင်
တစ်သက်စာမင်းကို ရည်ရွယ်ပြီးတော့
လက်ထပ်ဖို့စိတ်ကူးတယ်.....
Feat....
မမအနားဘဲ
ဒီကောင်လေးက ရှိချင်လို့ပါ
ဒီသီတင်းကျွတ် ညလေးတစ်ည
မီးရှုးမီးပန်းတွေ ကြားထဲ
အသဲတွေ ခွဲရက်လို့လား..
ဒီသီတင်းကျွတ် ညလေးမှာ
ရောင်စုံမီးပုံးတွေ အတူတူလွှတ်ရင်း
ဆုတောင်းမယ် မနဲ့ဘုရားမှာ
နှစ်တိုင်းဆီမီးအတူ ထွန်းချင်လို့
အဖေအမေ အဖိုးအဖွားတွေ
လိုက်ပီးကန်တော့ရင်း
မနဲ့သက်ဆုံး ပေါင်းဖက်နိုင်ဖို့ကဲလာ..
ခုဘဲ လိုက်တောင်းမယ်...
Oh..Oh..Oh..Ohh..
ဗျောက်အိုးသံတွေကြားထဲ
ကျတော့်ရင်ထဲမှာ ကုလားဘုရားလှည့်
Oh..Oh..Oh..Ohh..
ကျမချစ်သူ ပုဆိုးလေးဝတ်ထားတယ်
သီတင်းကျွတ်မှာ မင်းနဲ့အတူလျှောက်လည်
မီးထွန်းမယ် တစ်လမ်းလုံးဆီမီးတွေ
သိပ်လှတယ်
ဘယ်လိုထိန်းချုပ်ရမလဲ
အချစ်ဆုံးရယ် မျက်ဝန်းတွေ
နှစ်ဦးသား ဆုံတော့ကွယ်
ညိုချောလေး ကျမရဲ့
အချစ်ဆုံးနဲ့ အကြည့်ချင်းဆုံတော့
ချစ်သူတစ်ယောက်ကို တွေ့ပြီထင်တယ်
သူ့ကိုကျမရင်ထဲမှာ တွယ်ငြိခဲ့
သီတင်းကျွတ် လပြည့်ညရယ်
သူရယ်ကိုယ်ရယ်
ရင်ခုန်သံတွေ ဝုန်းဒိုင်းကြဲ
ပျော်ရွှင်ပါတယ် မင်းလက်တွဲ
သံယောဇဉ် ကြိုးတွေတိုးရင်
တစ်သက်စာမင်းကို ရည်ရွယ်ပြီးတော့
လက်ထပ်ဖို့ စိတ်ကူးတယ်
ပျော်ပျော် ပျော်ရွှင်စရာပွဲတော်
အတူတူ တူယှဉ်ကာနွှဲပျော်
သီတင်းကျွတ်ပွဲတော်
သီတင်းကျွတ်ပွဲတော်
ချစ်သူတစ်ယောက်ကို တွေ့ပြီထင်တယ်
သူ့ကိုကျမရင်ထဲမှာ တွယ်ငြိခဲ့
သီတင်းကျွတ် လပြည့်ညရယ်
သူရယ်ကိုယ်ရယ်
ရင်ခုန်သံတွေ ဝုန်းဒိုင်းကြဲ
ပျော်ရွှင်ပါတယ် မင်းလက်တွဲ
သံယောဇဉ်ကြိုးတွေ တိုးရင်
တစ်သက်စာမင်းကို ရည်ရွယ်ပြီးတော့
လက်ထပ်ဖို့ စိတ်ကူးတယ်
Po.(သီတင်းကျွတ်မှာ
အားလုံးပျော်ရွှင်ကြပါစေရှင်)
___Thank You______