သူတို့လို
ဆို-- ဗိုလ်ဟိန်း
1
ဟိုမှာကြည့်စမ်း...
အဖိုးနဲ့အဖွား...
မရိုးနိုင်တဲ့စကားတွေနဲ့
သားငယ်
မြေးငယ်တွေ အလယ်
တင့်တင့်တယ်တယ်
နေထိုင်ကာရယ်
အချိန်အခါရယ်ညောင်း ..
ပြောင်းသော်လည်း
မဟောင်းသောအချစ်နဲ့
ဪယုယကြင်နာ
နေထိုင်လာသည့်အရေး...ကို
မြင်လှည့်ပါစမ်း
ငယ်ကျွမ်း အချစ်ရယ်
သူတို့လိုများ
နှစ်ယောက်သားတို့မှာမလွယ်
အရွယ်မနှောင်းခင်
ပြောင်းလဲခဲ့တဲ့
အဖြစ်ကို ရင်နာတယ်....
2
ဟိုမှာကြည့်စမ်း...
အဖိုးနဲ့အဖွား...
မရိုးနိုင်တဲ့စကားတွေနဲ့
သားငယ်
မြေးငယ်တွေ အလယ်
တင့်တင့်တယ်တယ်
နေထိုင်ကာရယ်
အချိန်အခါရယ်ညောင်း..
ပြောင်းသော်လည်း
မဟောင်းသောအချစ်နဲ့
ဪယုယကြင်နာ
နေထိုင်လာသည့်အရေး...ကို
မြင်လှည့်ပါစမ်း ငယ်ကျွမ်း
အချစ်ရယ်
သူတို့လိုများ
နှစ်ယောက်သားတို့မှာမလွယ်
အရွယ်မညောင်းခင်
ပြောင်းလဲခဲ့တဲ့
အဖြစ်ကို ရင်နာတယ်.....
1
စိတ်ရဲ့အလိုလိုက်ကာ
မိုက်မှားခဲ့တဲ့
သာဓကတွေကိုကွယ်
ပမာပြရင် ဝေး လိမ့်မယ်
တို့များနေ့စဉ်
တွေ့မြင်နေကြပါကွယ်
အဖိုးနဲ့အဖွားက
ပြောဖူးခဲ့လေတယ်
တို့များနေ့စဉ်
တွေ့မြင်နေကြပါကွယ်
အဖိုးနဲ့အဖွားက
ပြောဖူးခဲ့လေတယ်
ကိုယ်တို့လို
အရွယ်မှာလေကွယ်
ချစ်ကြည်နူး ကြလို့ရယ်
2
တစ်ဦးနဲ့တစ်ဦးအပေါ်လည်း
အသက်မကကြည်ဖြူ
ကူညီလာတဲ့ အဖြစ်ကိုကွယ်
နှစ်လိုဖွယ်ကြားရပြန်တော့
မြင်လှည့်ပါစမ်း
ငယ်ကျွမ်းအချစ်ရယ်
သူတို့လိုများ
နှစ်ယောက်သားတို့မှာကွယ်
အရွယ်မညောင်းခင်
ပြောင်းလဲခဲ့တဲ့အဖြစ်က
ိုရင်နာတယ်
2(စကားပြော)
တစ်ယောက်နဲ့တစ်ယောက်
စိတ်အလိုလိုက်ပြီး
မိုက်မှားမုန်းတီးခဲ့ကြတဲ့
သာဓကတွေပြရရင်
ဝေးနေမှာပါ...
အဖိုးနဲ့အဖွားတို့ရဲ့
ရာသက်ပန်ရိုးမြေကျ
ချစ်ကြတဲ့ အချစ်ကိုပဲ
သာဓက
ယူစမ်းပါလားအချစ်ရယ်
အဖိုးနဲ့အဖွားရဲ့
အချစ်ကြီးချစ်ခဲ့တဲ့
စကားတွေများ
ကြားလှည့်စမ်းပါလားနော်
ဪ အရွယ်မညောင်းခင
်ပြောင်းခဲ့ရတဲ့
ဒို့များရဲ့ အဖြစ်ကိုတော့
တွေးရင်းတွေးရင်း
ရင်နာမိပါတယ်ကွယ်
-- 1
မေ့မရနိုင်တဲ့သူက
ဪ ယနေ့တိုင်စွဲလမ်းလို့ရယ်
အမြဲတမ်းတမ်းတ နေပြီကွယ်
တူနှစ်ကိုယ်မြေဝယ်ရိုးကျ
အဖိုးနဲ့အဖွားလို
တို့နှစ်ကိုယ် နေချင်ပါဘိကွယ်...
ခုများတော့လည်း ငယ်ကျွမ်း
အချစ်ရယ်
သူတို့လိုများ
နှစ်ယောက်သားတို့မှာမလွယ်
အရွယ်မနှောင်းခင
်ပြောင်းလဲခဲ့တဲ့
အဖြစ်ကို ရင်နာတယ်.....
ပြီးပါပြီ
MinKhent