menu-iconlogo
huatong
huatong
avatar

အသဲကိုလာခလုပ်တိုက် သိပ်မိုက်တဲ့မိန်းခလေး

ဗိုလ်ဟိန်းhuatong
💃🇲🇲💃minKhent💃🇲🇲💃huatong
লিরিক্স
রেকর্ডিং
အသည်းကိုလာခလုတ်တိုက်

သိပ်မိုက်တဲ့မိန်းကလေး

ရေး / ဆို - ဗိုဟိန်း

ဆိုင်း - ဂျက်စတင်း ဆိုင်းအဖွဲ့

အသည်းမှာ ခံစားဖူးတဲ့

အချစ်ကြောင်းလေးတစ်ခု

ုပြောပြချင်တယ်

ခဲမှန်ဖူးတဲ့ စာသူငယ်

တစ်ခါသေဖူး ပျဉ်ဖိုးနားလည်

အသည်းမှာ လာစူးခဲ့တဲ့

အဆိပ်လူးမြားလေး

တစ်စင်းကြောင့်ပါကွယ်

အသည်းအသန်

ခံစားရတယ်

ဒဏ်ရာများ

ဒီအသည်းပတ်လည်

သွေးရွှဲရွှဲနာကျင်ဆဲမို့

ဝေးဝေးမှာနေစမ်းပါလား

မိန်းမချောလေးများ

သိပ်သိပ်ကြောက်တယ်

မိန်းကလေးဆို မလာရ

စာမဆွဲချင်ပါတယ်

ဟင် .. ဒါလဲရင်နာတယ်

ဒါပေမယ့် ချစ်မျက်စိလည်

အသည်းကို လာခလုတ်တိုက်

သိပ်မိုက်တဲ့ မိန်းကလေးရယ်

(စကားပြော)

တစ်ခါသေဖူးတော့

ပျဉ်ဖိုးနားလည်တယ်တဲ့

ခဲမှန်ဖူးတဲ့ စာသူငယ်လို

အသည်းမှာလာစူးခဲ့တဲ့

အဆိပ်လူးမြားလေး

တစ်စင်းကြောင့်

အသည်းတစ်ခြမ်းမှာ

အလွမ်းတစ်ရာနဲ့

လွမ်းဒဏ်ရာတွေ ပြည့်နေခဲ့ပီ

မိန်းကလေးရေ ..

မင်းအတွက်

နေရာမဲ့ခဲ့ပြီလေ ...

မိန်းကလေးမလာရလို့

စာဆွဲပြန်ရင်လဲ

ရွာထဲအရပ်ထဲ

အမြင်မတော်ပဲ

အထင်တော်

လွဲကြတော့မှာပေါ့ ...

အခုတော့ မိန်းကလေးရေ ....

စုတ်ပြတ်နေတဲ့

အသည်းတစ်ခြမ်းလေးနဲ့

အလွမ်းသမားလေးဘဝ

ရှင်သန်နေရသူမို့

တေးဆိုကာ

ပြောလိုက်ချင်ပါရဲ့

အသည်းကို လာ

ခလုတ်မတိုက်ပါနဲ့လားလို့ ...

အသည်းမှာ ခံစားဖူးတဲ့

အချစ်ကြောင်းလေးတစ်ခု

ပြောပြချင်တယ်

ခဲမှန်ဖူးတဲ့ စာသူငယ်

တစ်ခါသေဖူး ပျဉ်ဖိုးနားလည်

အသည်းမှာ လာစူးခဲ့တဲ့

အဆိပ်လူးမြားလေး

တစ်စင်းကြောင့်ပါကွယ်

အသည်းအသန် ခံစားရတယ်

ဒဏ်ရာများ ဒီအသည်းပတ်လည်

သွေးရွှဲရွှဲနာကျင်ဆဲမို့

ဝေးဝေးမှာနေစမ်းပါလား

မိန်းမချောလေးများ

သိပ်သိပ်ကြောက်တယ်

မိန်းကလေးဆို မလာရ

စာမဆွဲချင်ပါတယ်

ဟင် .. ဒါလဲရင်နာတယ်

ဒါပေမယ့် ချစ်မျက်စိလည်

အသည်းကို လာခလုတ်တိုက်

သိပ်မိုက်တဲ့ မိန်းကလေးရယ်

မတူမတန် အပြစ်ဖွဲ့လို့

မဆိုရက်သူပါကွယ်

လူမှန်ရင် အချစ်ရှိတယ်

သစ်ပင်မှာ အမြစ်ရှိတယ်

ရှေးစာဆိုရိုးစကားရယ်

တွေးစရာလိုဦးမလားကွယ်

မချစ်နဲ့ပြောလဲမရတယ်

အချစ်ရဲ့သဘောကဆန်းကြယ်

ကိုယ်ချင်းစာနေတယ်

လိုရင်းရှာဖွေမယ်

ဒါပေမယ့် ချစ်မျက်စိလည်

အသည်းကို လာခလုတ်တိုက်

သိပ်မိုက်တဲ့ မိန်းကလေးရယ်

(စကားပြော)

မတူဘူး မတန်ဘူးဆိုတာ

ဂုဏ်ဓနရူးတွေရဲ့

ရူးသွပ်ခြင်းသက်သက်ပါ

လူဟာလူပဲ သစ်ပင်မှန်ရင်

အမြစ်ရှိတယ်

လူမှန်ရင်လဲ အချစ်ရှိတာပဲပေါ့

ဒါပေမယ့်ပေါ့လေ

ကြော့ကြော့လေးနဲ့

ကော့ကော့လေးနေပြီး

ပေါ့ပေါ့လေးငွေရလို့

ကောင်းကောင်းလေး

စားနေရတဲ့

ဖောင်းဖောင်းလေး

မင်းရဲ့ပါးတွေကို

ပြောင်းလဲပြီး

ပိန်မသွားစေနဲ့တော့ ..

အလိမ်စကားတွေလဲ

တကယ့်ကို

တို့မပြောလိုက်ချင်ဘူး

အသည်းကို လာခလုတ်တိုက်

သိပ်မိုက်တဲ့ မိန်းကလေးရယ် ...

အသည်းမှာ ခံစားဖူးတဲ့

အချစ်ကြောင်းလေးတစ်ခု

ပြောပြချင်တယ်

ခဲမှန်ဖူးတဲ့ စာသူငယ်

တစ်ခါသေဖူး

ပျဉ်ဖိုးနားလည်

အသည်းမှာ လာစူးခဲ့တဲ့

အဆိပ်လူးမြားလေး

တစ်စင်းကြောင့်ပါကွယ်

အသည်းအသန်

ခံစားရတယ် ဒဏ်ရာများ

ဒီအသည်းပတ်လည်

သွေးရွှဲရွှဲနာကျင်ဆဲမို့

ဝေးဝေးမှာနေစမ်းပါလား

မိန်းမချောလေးများ

သိပ်သိပ်ကြောက်တယ်

မိန်းကလေးဆို မလာရ

စာမဆွဲချင်ပါတယ်

ဟင် .. ဒါလဲရင်နာတယ်

ဒါပေမယ့် ချစ်မျက်စိလည်

အသည်းကို လာခလုတ်တိုက်

သိပ်မိုက်တဲ့ မိန်းကလေးရယ် ....

မတူမတန် အပြစ်ဖွဲ့လို့

မဆိုရက်သူပါကွယ်

လူမှန်ရင် အချစ်ရှိတယ်

သစ်ပင်မှာ အမြစ်ရှိတယ်

ရှေးစာဆိုရိုးစကားရယ်

တွေးစရာလိုဦးမလားကွယ်

မချစ်နဲ့ပြောလဲမရတယ်

အချစ်ရဲ့သဘောကဆန်းကြယ်

ကိုယ်ချင်းစာနေတယ်

လိုရင်းရှာဖွေမယ်

ဒါပေမယ့် ချစ်မျက်စိလည်

အသည်းကို လာခလုတ်တိုက်

သိပ်မိုက်တဲ့ မိန်းကလေးရယ် ....

ပြီးပါပြီ

ဗိုလ်ဟိန်း থেকে আরও

সব দেখুনlogo