ကဗျာမမှီစာမပီ
မီမီဝင်းဖေ
မူရာလေး မော့မော့
ဆံနွယ် ကြော့ကြော့မှာ
မင်းပန်ဖို့ရည်စူး ပန်းခူးခဲ့ပြီ
လှပါတယ် မေရယ်
ပန်းကလေး တစ်ပွင့်လို
ပန်းပန်သူ မူရာသွေး
အေး မြ လှတယ်
ကဗျာဖွဲ့ဖွဲ့ စာနွဲ့နွဲ့
ကဗျာရေးရေး စာရေးရေး
လှလှပပ ချစ်သူမျက်နှာ
ကဗျာတွေစာတွေ သီဖွဲ့လို့မမှီ
လေပြည်လေး သော့သော့
ဆံနွယ် နော့နော့မှာ
ပန်းနွယ်ကို လေပြည်ရိုင်း
နမ်း ရှိုက် ခဲ့ပြီ
ချစ်သူရေ ငိုပါနဲ့ကွယ်
ပန်းကလေး နွမ်းရင်
ပန်းကြိုက်သူ မူရာသွေးအတွက်
ပန်းတစ်ခင်း ပျိုးထားတယ်
နေရိုင်းရိုင်း လေရိုင်းရိုင်း
နေအေးအေး လေသွေးသွေး
ပန်းကလေးနွမ်းလို့ စိုးထိတ်နဲ့လေ
တစ်ပွင့်ကြွေရင် တစ်ပင်လုံး
မောင် ယူလာခဲ့မယ်
မူရာလေး မော့မော့
ဆံနွယ် ကြော့ကြော့မှာ
မင်းပန်ဖို့ရည်စူး ပန်းခူးခဲ့ပြီ
လှပါတယ် မေရယ်
ပန်းကလေး တစ်ပွင့်လို
ပန်းပန်သူ မူရာသွေး
အေးမြ လှတယ်
ကဗျာဖွဲ့ဖွဲ့ စာနွဲ့နွဲ့
ကဗျာရေးရေး စာရေးရေး
လှလှပပ ချစ်သူမျက်နှာ
ကဗျာတွေစာတွေ သီဖွဲ့လို့မမှီ
လေပြည်လေး သော့သော့
ဆံနွယ် နော့နော့မှာ
ပန်းနွယ်ကို လေပြည်ရိုင်း
နမ်း ရှိုက် ခဲ့ပြီ
ချစ်သူရေ ငိုပါနဲ့ကွယ်
ပန်းကလေး နွမ်းရင်
ပန်းကြိုက်သူ မူရာသွေးအတွက်
ပန်းတစ်ခင်း ပျိုးထားတယ်
နေရိုင်းရိုင်း လေရိုင်းရိုင်း
နေအေးအေး လေသွေးသွေး
ပန်းကလေးနွမ်းလို့ စိုးထိတ်နဲ့လေ
တစ်ပွင့်ကြွေရင် တစ်ပင်လုံး
မောင်ယူလာခဲ့မယ်