အိပ်မက်ထဲက ရထားကြီး
ပူလောင်မွန်းကျပ်တဲ့ ကိုယ့်ရဲ့ဝိဉာဉ်
ထွက်ပေါက်လုံးဝ မရှိခဲ့တော့
ကြည်လင်လတ်ဆတ်တဲ့ ကလေးဘဝကောင်းကင်
ဒဏ်ရာတွေနဲ့ပေါ့...
ရွှေရောင်တောက်ပတဲ့ နေ့ရက်များစွာ
ပြန်လည်တမ်းတမိတဲ့ အခိုက်
ကိုယ်ဖြတ်သန်းခဲ့တဲ့ တစ်ခြမ်းပဲ့ညတို့
လှောင်ရယ်နေ...
အိပ်မက်ဆန်းတစ်ခု ညစဉ်တွေ့မြင်
ကိုယ်လေ ရထားကြီးတစ်စင်းနဲ့ပေါ့
ဘယ်ဆီမှန်းလည်းမသိတဲ့ ခရီးစဉ်
အမှောင်မှာ ခုတ်မောင်းရင်း
ကိုယ်ဟာတစ်ဦးတည်းသော အမြဲတမ်းခရီးသည်
နေရာအချိန် ပဥာတ်ချက်မဲ့
ဆူညံကွဲအက်တဲ့ နှလုံးသားခေါင်းလောင်း
မြည်သံတွေ...
အမှောင်နဲ့အလင်း မကွဲပြားတဲ့ ကောင်းကင်
ကိုယ့်ရင်ခွင်ကို ဖောက်ခွဲတိုးဝင်
မီးရထားကြီးတစ်စင်း ကိုယ့်ဝိဉာဉ်ကို
သယ်ဆောင်ခုတ်မောင်းရင်း
အို သံသရာရှည်မယ့် ခရီး
ဘယ်မှာဆုံးမယ် ကိုယ်လည်းမသိ
ဒီအိပ်မက်ကနိုးတိုင်း ရင်မှာကြေကွဲမိ
ပူလောင်မွန်းကျပ်တဲ့ ကိုယ့်ရဲ့ဝိဉာဉ်
ထွက်ပေါက်လုံးဝ မရှိခဲ့တော့
ကြည်လင်လတ်ဆတ်တဲ့ ကလေးဘဝကောင်းကင်
ဒဏ်ရာတွေနဲ့ပေါ့...
ရွှေရောင်တောက်ပတဲ့ နေ့ရက်များစွာ
ပြန်လည်တမ်းတမိတဲ့ အခိုက်
ကိုယ်ဖြတ်သန်းခဲ့တဲ့ အလင်းမဲ့ညတို့
ရင်ခုန်နေ...
အိပ်မက်ဆန်းတစ်ခု ညစဉ်တွေ့မြင်
ကိုယ်လေရထားကြီး တစ်စင်းနဲ့ပေါ့
ဘယ်ဆီမှန်းလည်းမသိတဲ့ ခရီးစဉ်
အမှောင်မှာ ခုတ်မောင်းရင်း
ကိုယ်ဟာတစ်ဦးတည်းသော အမြဲတမ်းခရီးသည်
နေရာအချိန် ပဥာတ်ချက်မဲ့
ဆူညံကွဲအက်တဲ့ နှလုံးသားခေါင်းလောင်း
မြည်သံတွေ...
အမှောင်နဲ့အလင်း မကွဲပြားတဲ့ ကောင်းကင်
ညလွင်ပြင် ဖြတ်သန်းတိုးဝင်
မီးရထားကြီးတစ်စင်း ကိုယ့်ဝိဉာဉ်ကို
သယ်ဆောင် ခုတ်မောင်းရင်း
အို သံသရာရှည်မယ့် ခရီး
ဘယ်မှာဆုံးမယ် ကိုယ်လည်းမသိ
ဒီအိပ်မက်ကနိုးတိုင်း ရင်မှာကြေကွဲမိ
အိပ်မက်ထဲကရထားကြီး ခေါ်သံ ကိုယ်ကြားမိနေ..