menu-iconlogo
huatong
huatong
avatar

သီချင်းဧည့်သည်

ရတနာဦးhuatong
লিরিক্স
রেকর্ডিং
သီချင်းဧည့်သည် ရတနာဦး

by LaYakeKho

Vocal Removed by Zay Gyi Azido

.......

အဆောင်ရှေ့က သီချင်းသံ တမ်းတနေမိတယ်

ဟိုအရင်ချိန်လေး ဒီလိုညတွေ သူရှိတယ်

လေထဲမှာလွင့် သူ့သီချင်းသံလေး တမ်းတနေတယ်

အချိန်တွေကုန်လို့

အချစ်ရောက်မလာရင် ဆွေးရတယ်

တို့ကျောင်းသွားတဲ့အခါ

တို့နောက်မှာ အရိပ်လို

မြင်သာရုံလေး ကွယ်ရာတစ်ခုမှာ သူကြည့်နေ

ဖွင့်မပြောပေမဲ့

တို့နားလည်တယ် သူ့အဖြစ်တွေကို

ကြာလာတော့လည်း နှလုံးသားလေးမှာ

တိုးတိတ်ငြိတွယ်

အခုတော့ ဘယ်ဆီများ ပြေးပုန်းနေလဲကွယ်

အချစ်ရိပ်တွေလည်း ရှာနေရတာ ရင်မောတယ်

ဒီသီချင်းသံလေး

ဒီအရိပ်ပုံလေး မရှိခဲ့ရင်လေ

ရှင်သန်မှုများ တို့ရဲ့တနေ့တာ

ခြောက်သွေ့လွန်းတယ်

ကြုံကြိုက်တဲ့သဘောနဲ့

တို့ရဲ့အဆောင်ရှေ့ကို

သူလာပါလား မျှော်နေမိတယ် သိလားကွယ်

ရင်ဖွင့်နေတဲ့သူ့သီချင်းသံလေး မကြားရရင်လေ

သန်းခေါင်ယံညများ

တစ်မျိုးလေးရင်ကို နှိပ်စက်တယ်

......

အခုတော့ ဘယ်ဆီများ ပြေးပုန်းနေလဲကွယ်

အချစ်ရိပ်တွေလည်း ရှာနေရတာ ရင်မောတယ်

ဒီသီချင်းသံလေး

ဒီအရိပ်ပုံလေး မရှိခဲ့ရင်လေ

ရှင်သန်မှုများ တို့ရဲ့တနေ့တာ

ခြောက်သွေ့လွန်းတယ်

ကြုံကြိုက်တဲ့သဘောနဲ့

တို့ရဲ့အဆောင်ရှေ့ကို

သူလာပါလား မျှော်နေမိတယ် သိလားကွယ်

ရင်ဖွင့်နေတဲ့သူ့သီချင်းသံလေး မကြားရရင်လေ

သန်းခေါင်ယံညများ

တစ်မျိုးလေးရင်ကို နှိပ်စက်တယ်

ရင်မှာလေလွမ်း တမ်းတနေတယ် သီချင်းဧည့်သည်

သံစဉ်ချိုများ ကြားပါစေနော် အခုညကွယ်...

Thank you

LaYakeKho

ရတနာဦး থেকে আরও

সব দেখুনlogo