တိမ်လွှာမို့မိုလွင်
ရေး - မြို့မငြိမ်း
ဆို - ရန်အောင်
မူရင်းသီဆိုသူ - ဝင်းဦး
ပြာရီမှိုင်းကာမို့မို့ ညို့ညို့ညိုလွင်
ညင်းလေပြေ သွေးလို့သာ ဖေးမကူချင်
တိမ်လွှာလေးတွေပြေးကာ တစ်ရွေ့ရွေ့ယူငင်..
ပြုံးလှောင်ကာငြိုးဝင့်မို့ မိုးပစ္စုန်ရှင်
ပြာရီမှိုင်းကာမို့မို့ ညို့ညို့ညိုလွင်
ညင်းလေပြေ သွေး လို့သာ ဖေးမကူချင်
တိမ်လွှာလေးတွေပြေးကာ တစ်ရွေ့ရွေ့ယူငင်..
ပြုံးလှောင်ကာငြိုးဝင့်မို့ မိုးပစ္စုန်ရှင်
သဲသဲမဲမဲ ရွာလိုက်မယ်ပဲဟန်တွေဆင်
ဖော်နဲ့ဝေးတဲ့သူမှာ အဆွေးသာပိုချင်
သဲသဲမဲမဲ ရွာလိုက်မယ်ပဲဟန်တွေဆင်
ဖော်နဲ့ဝေးတဲ့သူမှာ အဆွေးသာပိုချင်
လွမ်းစေကျွမ်းစေအောင်ပင်
သည်းကာရွှေမိုး ငြိုးတော့တယ်
တင်စားလို့ရယ် ငြိုငြင်ပြောလိုက်ချင်
ဖြေဆည်မရွှင် တစ်ကိုယ်တည်း
အားနည်းသည်တွင် မိုးသက်လေကလေး
ပွေလေအောင် ဖန်ချင်
တမ်းတယောင် မှန်းဆမြင်
နွမ်းလျအောင် လွမ်းရအင်
မြင်လှည့်ချစ်သူရယ် ခင်
မှိုင်းပြာရီညို့ တိမ်လွှာမို့မိုလွင်
.... Music ....
ပြာရီမှိုင်းကာမို့မို့ ညို့ညို့ညိုလွင်
ညင်းလေပြေ သွေးလို့သာ ဖေးမကူချင်
တိမ်လွှာလေးတွေပြေးကာ တစ်ရွေ့ရွေ့ယူငင်
ပြုံးလှောင်ကာငြိုးဝင့်မို့ မိုးပစ္စုန်ရှင်
ပြာရီမှိုင်းကာမို့မို့ ညို့ညို့ညိုလွင်
ညင်းလေပြေ သွေးလို့သာ ဖေးမကူချင်
တိမ်လွှာလေးတွေပြေးကာ တစ်ရွေ့ရွေ့ယူငင်..
ပြုံးလှောင်ကာငြိုးဝင့်မို့ မိုးပစ္စုန်ရှင်
သဲသဲမဲမဲ ရွာလိုက်မယ်ပဲ ဟန်တွေဆင်
ဖော်နဲ့ဝေးတဲ့သူမှာ အဆွေးသာပိုချင်
သဲသဲမဲမဲ ရွာလိုက်မယ်ပဲ ဟန်တွေဆင်
ဖော်နဲ့ဝေးတဲ့သူမှာ အဆွေးသာပိုချင်
လွမ်းစေကျွမ်းစေအောင်ပင်
သည်းကာရွှေမိုး ငြိုးတော့တယ်
တင်စားလို့ရယ် ငြိုငြင်ပြောလိုက်ချင်
ဖြေဆည်မရွှင် တစ်ကိုယ်တည်း
အားနည်းသည်တွင် မိုးသက်လေကလေး
ပွေလေအောင်ဖန်ချင်
တမ်းတယောင် မှန်းဆမြင်
နွမ်းလျအောင် လွမ်းရအင်
မြင်လှည့်ချစ်သူရယ် ခင်
မှိုင်းပြာရီညို့ တိမ်လွှာမို့မို..လွင်…
ရွှင်လန်းချမ်းမြေ့ကြပါစေ...
Say_Z (MP & TT) Family
(03.08.2022)