ပြတ်သားပေးပါ
တေးရေး -လွမ်းဝေ
တေးဆို -ရဲသီဟ
Upload &Saung Nya
*****************
အဆုံးသတ်သွားခဲ့ပြီလား
တို့နှစ်ယောက်ရဲ့ ဇာတ်လမ်းလေးဟာ
အခုဆို တစ်ခန်းရပ်သွားပြီလေ ..
မချစ်လို့မှ မဟုတ်ခဲ့တာပဲ
ချစ်နေလျက်ပဲဝေးတာ
မင်းဘက်က မပြတ်သားလို့ပါဟာ ..
အနေဝေးသွားလို့ သွေးအေးမှာစိုးတယ် ...
***
အဆုံးသတ်သွားခဲ့ပြီလား
တို့နှစ်ယောက်ရဲ့ ဇာတ်လမ်းလေးဟာ
အခုဆို တစ်ခန်းရပ်သွားပြီလေ ..
မချစ်လို့မှ မဟုတ်ခဲ့တာပဲ
ချစ်နေလျက်ပဲဝေးတာ
မင်းဘက်က မပြတ်သားလို့ပါဟာ ..
အနေဝေးသွားလို့ သွေးအေးမှာစိုးတယ် ...
***
နင်မရှိတဲ့ ငါ့ရဲဘဝလည်း
အဓိပ္ပါယ် အကုန်လုံးမဲ့နေ
ဘယ်လိုရှေ့ဆက်ရမလဲ ချစ်သူရယ် ..
ပြန်ခဲ့တော့ ငါ့ရဲ့ရင်ထဲ
မင်းပြန်လာခဲ့တော့လေ
စေ့ထားတဲ့ ဒီတံခါးလေးကိုလေ ..
နင်တိုးဖွင့်ကာ ဝင်လာခဲ့တော့လေ ...
***
ဘယ်လို အခက်အခဲရှိပါစေ
ရင်ဆိုင်မယ် အချစ်ဆုံးတို့အတူ
မင်းဘက်က ပြတ်သားပေးရုံပါ ..
နေကွယ်ချိန် လမင်းကမသာ
ဒီလူဟာ အမှောင်ဘက်အခြမ်းမှာ
မင်းအချစ်နဲ့ အလင်းပေးပါကွာ ..
ကြယ်ကလေးလောက်တော့
နင် လင်းပေးနိုင်မလား ...
********************
SOLO
********************
အဆုံးသတ်သွားခဲ့ပြီလား
တို့နှစ်ယောက်ရဲ့ ဇာတ်လမ်းလေးဟာ
အခုဆို တစ်ခန်းရပ်သွားပြီလေ ..
မချစ်လို့မှ မဟုတ်ခဲ့တာပဲ
ချစ်နေလျက်ပဲဝေးတာ
မင်းဘက်က မပြတ်သားလို့ပါဟာ ..
အနေဝေးသွားလို့ သွေးအေးမှာစိုးတယ် ...
***
နင်မရှိတဲ့ ငါ့ရဲဘဝလည်း
အဓိပ္ပါယ် အကုန်လုံးမဲ့နေ
ဘယ်လိုရှေ့ဆက်ရမလဲ ချစ်သူရယ်..
ပြန်ခဲ့တော့ ငါ့ရဲ့ရင်ထဲ
မင်းပြန်လာခဲ့တော့လေ
စေ့ထားတဲ့ ဒီတံခါးလေးကိုလေ ..
နင်တိုးဖွင့်ကာ ဝင်လာခဲ့တော့လေ ...
***
ဘယ်လို အခက်အခဲရှိပါစေ
ရင်ဆိုင်မယ် အချစ်ဆုံးတို့အတူ
မင်းဘက်က ပြတ်သားပေးရုံပါ ..
နေကွယ်ချိန် လမင်းကမသာ
ဒီလူဟာ အမှောင်ဘက်အခြမ်းမှာ
မင်းအချစ်နဲ့ အလင်း..ပေးပါကွာ ..
ကြယ်ကလေးလောက်တော့
နင် လင်းပေးနိုင်မလား...
*********************
ပျော်ရွှင်ချမ်းမြေ့ပါစေ
Saung Nya