အရှက်ပြေလေးပြုံးပြသူ
တေးဆို ရဲသီဟ
(မင်းကိုယ်တိုင် ဖိတ်လိုက်တဲ့
မင်းရဲ့ မင်္ဂလာပွဲကို
ကိုယ်ကိုတိုင် အရောက်လာခဲ့တယ်လေ
လာသမျှ ပရိတ်သတ်တွေကို
သီချင်းကလေးနဲ့ ဧည့်ခံပေးဖို့
မင်းရဲ့ တောင်းဆိုမှု့အတွက်
ကိုယ့်ရဲ့ရင်ထဲက
တေးတစ်ပုဒ်ကို
ရွေးထုတ်လို့ သီဆိုလိုက်ပါရစေ
အရှုံးသမားအတွက်
အရှက်ပြေလေးပေါ့
အချစ်ရယ်
အရှက်ပြေလေးပေါ့)
ရွှေရောင်ဖိတ်စာ
သူကိုယ်တိုင် ကမ်းပါလို့
မင်္ဂလာပွဲကို
ကိုယ်ကိုတိုင် လှမ်းပါလို့
အရှုံးသမား အနေနဲ့
ကျန်ခဲ့သူပါလေ..
အနိုင်ရသူတွေ
ရယ်ကာမောလို့
ပျော်ပါစေ ပျော်နေပါစေ
မင်္ဂလာ အဝတ်တန်ဆာ
ဆင်ကာမြန်းကာ သူလာ
သူ့ပါးမှာ မျက်ရည်စနဲ့
သူနှုတ်ဆက်ရှာ
လာသမျှကိုလေ
သီချင်းလေးနဲ့ ဖျော်ဖြေပေးဖို့
တိုးတိုးကလေး သူကတောင်းဆိုနေ..
အရှုံးသမား အရှက်ပြေ
သီချင်းကလေးတစ်ပုဒ်
သီဆို ပြမယ်လေ
ငွေကိုမက်.. သူတွေ..
ဂုဏ်ကိုမက်.. သူတွေ..
ရင်ဆိုင်.. မယှဉ်ပြိုင်နိုင်တဲ့
ဘဝပါမေရေ
လိုရာသုံး...
နှလုံးသားလေး ကိုယ်လက်ဖွဲ့ပါရစေ
ရွှေမင်္ဂလာ..
ငွေမင်္ဂလာ..
ဂုဏ်ကိုမက်သူတို့
လက်ထပ်ကြတဲ့ သူတွေ..
အသက်တမျှ ချစ်ခဲ့ကြတဲ့
အရှုံးသမား မှာတော့
ရင်ထဲမှာ ကြေကွဲလို့နေ
မေရယ် မေရယ်
ပျော်ပါစေလေ
မင်း လိုရာ..
နင်းကာသွား..
နှလုံးသားလေးကို
လမ်းခင်းပေးမယ် လိုရာစေ
အရှုံးသမား အရှက်ပြေ
အပြုံးကလေးနဲ့
ကိုယ်ရှာပေးသူရေ
(အခုလို လက်ခုပ်သံလေးနဲ့
ချီးမြှင့် အားပေးလိုက်ကြတာ
အများအမြင်မှာ
အားရကျေနပ်စရာ
ကောင်းလှပေမယ့်
ကိုယ့်ရဲ့ ရင်ထဲမှာ
ကြေမွလုမတတ် နှလုံးသားကို
ထိုးနှက် ရိုက်ခတ်သလို
ခံစား နေရပါတယ်လေ
မင်းတို့မင်္ဂလာပွဲမှာ
ရောက်လာခဲ့တဲ့ အရှုံးသမားအတွက်
ပြန်လည် တုန့်ပြန်ပေးတဲ့
မင်းရဲ့ အပြုံးတွေကြားက
ငိုရှာပေးတဲ့ မျက်ဝန်းလေးဟာ
အရှုံးသမားအတွက်
အရှက်ပြေလေးပေါ့ အချစ်ရယ်
မင်းအတွက် ကိုယ့်ရဲ့အသဲနှလုံးကို
လမ်းခင်းပေးလို့
မင်းလိုရာ
နင်းလိုရာ နင်းသွားပါတော့
မင်းဘဝလေး
ထာဝရပျော်ရွှင်ပါစေ အချစ်ရယ်)
ရွှေရောင်ဖိတ်စာ
သူကိုယ်တိုင် ကမ်းပါလို့
မင်္ဂလာပွဲကို
ကိုယ်ကိုတိုင် လှမ်းပါလို့
အရှုံးသမား အနေနဲ့
ကျန်ခဲ့သူပါလေ..
အနိုင်ရသူတွေ
ရယ်ကာမောလို့
ပျော်ပါစေ
ပျော်နေပါစေ..
မင်္ဂလာ အဝတ်တန်ဆာ
ဆင်ကာမြန်းကာ သူလာ
သူ့ပါး မှာ မျက်ရည်စနဲ့
သူနှုတ်ဆက်ရှာ
လာသမျှကိုလေ..
သီချင်းကလေးနဲ့ ဖျော်ဖြေပေးဖို့
တိုးတိုးကလေး သူကတောင်းဆိုနေ
အရှုံးသမား အရှက်ပြေ
သီချင်းလေးတစ်ပုဒ်
သီဆိုပြမယ်လေ
ငွေကိုမက်.. သူတွေ..
ဂုဏ်ကိုမက်.. သူတွေ..
ရင်ဆိုင်.. မယှဉ်ပြိုင်နိုင်တဲ့
ဘဝပါမေရေ လိုရာသုံး...
နှလုံးသားလေး
ကိုယ်လက်ဖွဲ့ပါရစေ
ရွှေမင်္ဂလာ..
ငွေမင်္ဂလာ..
ဂုဏ်ကိုမက်သူတို့
လက်ထပ်ကြတဲ့ သူတွေ
အသက်တမျှ ချစ်ခဲ့ကြတဲ့
အရှုံးသမားမှာတော့
ရင်ထဲမှာ ကြေကွဲလို့နေ..
မေရယ် မေရယ်
ပျော်ပါစေလေ
မင်း လိုရာ နင်းကာသွား..
နှလုံးသားလေးကို
လမ်းခင်းပေးမယ် လိုရာစေ..
အရှုံးသမား အရှက်ပြေ
အပြုံးကလေးနဲ့
ကိုယ်ရှာပေးသူရေ ..
ကျေးဇူးတင်ပါတယ် ငြိမ်း