စောင်းကြိုးလေးမျက်ရည်စို
တေးရေး စလေဖြိုးကျော်
တေးဆို-ရဲမြင့်မြတ်
Upload & Saung Nya
******************
ဆောင်းယွန်းနွေဦး သစ်ရွက်ကြွေ မြေလူး
လေရူးမွှေနှောက်နွေရောက်ခဲ့ပြီ
နှောင်းအတိတ်သည် ရင်ကိုနွမ်းစေ
အရိပ်လို ပြန်လာပြီ..
အချစ်ရေ မြင်ရောင်မျှော်မှန်း
အရူးအမူးလွမ်း သူ့ကိုတမ်းတသည်
နှောင်းမိုးရယ်နိုးလာပြန်ပြီ
စောင်းကြိုးတွေ မျက်ရည်စိုလေပြီ...
***********
ပိုးသားလို နုသောအသားနဲ့
စောင်းကြိုးလို ချိုသော အသံတွေသည်
အဆိုသင်ရင်း ရင်တွင်းစကားတွေပြောခဲ့သည်
ချိုပြားလို နားချိုခဲ့သည်
စောင်းကြိုခတ်သံ ထံတျာသီ
ဆုံးသက်တိုင် မမုန်းရက်နိုင် ခိုင်မာသည်....
သစ္စာဆိုထား စကားတွေ
ခုများတော့လေ သူကမေ့လေပြီ
အို..နွေလယ်မိုးမှာ စောင်းကြိုး ပြတ်ခဲ့သည်...
***********
တမြေ့မြေ့ ရင်မှာ
ယနေ့ထက်တိုင် ချစ်ဦးသိစေ
ရင်ထဲမှာနွမ်း ဖွဲမီးလိုလောင်ကျွမ်း..
ကိုယ်လွမ်းနေတာ သူမသိခဲ့တာ
ဝမ်းနည်းပါသည်..
အသက်လို ချစ်သူငယ်ပေါင်း
စောင်းသံတေး အိပ်ပျော်ဆေးဖြစ်သည်
နှောင်းမိုးရယ်နိုးလာပြန်ပြီ
စောင်းကြိုးတွေ မျက်ရည်စိုလေပြီ...
**********************
SOLO
*******************(**
ဆောင်းယွန်းနွေဦး သစ်ရွက်ကြွေ မြေလူး
လေရူးမွှေနှောက် နွေရောက်ခဲ့ပြီ
နှောင်းအတိတ်သည် ရင်ကိုနွမ်းစေ
အရိပ်လို ပြန်လာပြီ..
အချစ်ရေ မြင်ရောင်မျှော်မှန်း
အရူးအမူးလွမ်း သူ့ကိုတမ်းတသည်
နှောင်းမိုးရယ်နိုးလာပြန်ပြီ
စောင်းကြိုးတွေ မျက်ရည်စိုလေပြီ...
***********
ပိုးသားလို နုသောအသားနဲ့
စောင်းကြိုးလို ချိုသော အသံတွေသည်
အဆိုသင်ရင်း ရင်တွင်းစကားတွေ ပြောခဲ့သည်
ချိုပြားလို နားချိုခဲ့သည်
စောင်းကြိုခတ်သံ ထံတျာသီ
ဆုံးသက်တိုင် မမုန်းရက်နိုင် ခိုင်မာသည်....
သစ္စာဆိုထား စကားတွေ
ခုများတော့လေ သူကမေ့လေပြီ
အို...နွလေယ်မိုးမှာ စောင်းကြိုး ပြတ်ခဲ့သည်...
***********
တမြေ့မြေ့ ရင်မှာ
ယနေ့ထက်တိုင် ချစ်ဦးသိစေ
ရင်ထဲမှာနွမ်း ဖွဲမီးလိုလောင်ကျွမ်း
ကိုယ်လွမ်းနေတာ သူမသိခဲ့တာ
ဝမ်းနည်းပါသည်..
အသက်လို ချစ်သူငယ်ပေါင်း
စောင်းသံတေး အိပ်ပျော်ဆေးဖြစ်သည်
နှောင်းမိုးရယ်နိုးလာပြန်ပြီ
စောင်းကြိုးတွေ မျက်ရည်စိုလေပြီ...
**********************
ပျော်ရွှင်ချမ်းမြေ့ပါစေ
Saung Nya