menu-iconlogo
huatong
huatong
avatar

စမ်းရေ(Karaoke Version)

သဲနုဝါhuatong
L🅰️Y.S🅾️E🎹လေးစိုးhuatong
লিরিক্স
রেকর্ডিং
စမ်းရေ

သဲနုဝါ

လျှိုမြောင် အထပ်ထပ်

တောတောင် အရပ်ရပ်

ဖြတ်ကျော် ကူးသန်း

ခရီးကြမ်း နှင်ခဲ့သော်လည်းလေ

သူ့အသွင်က

ချမ်းမြ ကြည်လင်နေ

ငြိမ့်ငြိမ့်လေးလေး တေးဆိုညည်းရင်း

စီး ဆင်းလာသော

စမ်းရေ ၊ စမ်း .. ရေ ...

တစ်ခါ တရံ

ခက်ထန်သော လေပြင်းမုန်တိုင်းတွေ

တစ်ခါ တလေလည်း

ဝဲကတော့ လေပွေ

တစ်ခါ တလေတော့

မြညှင်း လေပြေ ..

မရှောင်သာ ဆုံတွေခဲ့သော်လည်းလေ

စီးမြဲ စီးလျှက်

ခရီးဆက်၍ မပျက်သော ဣနြေ္ဒ

အေးမြဆဲ ကြည်လင်ဆဲ

အသည်းဖြူမလေး

စမ်းရေ ၊ စမ်း .. ရေ ...။

လျှိုမြောင် အထပ်ထပ်

တောတောင် အရပ်ရပ်

ဖြတ်ကျော် ကူးသန်း

ခရီးကြမ်း နှင်လာသော

ကန္တာရ ခရီးသည် တစ်ကိုယ်ရည်

ချွေးပြိုက်ယိုစီး ပင်ပန်းကြီိးစွာ

ဆာလောင် မွတ်သိပ်နေ ...

ဒီတစ်ကွေ့မှ တွေ့ရပါသော

မြသီတာစမ်းချောင်း အပါးမှာလေ

နားနေ သောက်သုံးကြသူ

ရင်ဝယ် အေးချမ်းစေ

အပန်းဖြေ .. စမ်းရေ၊ စမ်း .. ရေ ...

လျှိုမြောင် အထပ်ထပ်

တောတောင် အရပ်ရပ်

ဖြတ်ကျော် ကူးသန်း

ခရီးကြမ်း နှင်ခဲ့သော်လည်းလေ

သူ့အသွင်က

ချမ်းမြ ကြည်လင်နေ

ငြိမ့်ငြိမ့်လေးလေး တေးဆိုညည်းရင်း

စီး ဆင်းလာသော

စမ်းရေ ၊ စမ်း .. ရေ ...

တစ်ခါ တရံ

ခက်ထန်သော လေပြင်းမုန်တိုင်းတွေ

တစ်ခါ တလေလည်း

ဝဲကတော့ လေပွေ

တစ်ခါ တလေတော့

မြညှင်း လေပြေ ..

မရှောင်သာ ဆုံတွေခဲ့သော်လည်းလေ

စီးမြဲ စီးလျှက်

ခရီးဆက်၍ မပျက်သော ဣနြေ္ဒ

အေးမြဆဲ ကြည်လင်ဆဲ

အသည်းဖြူမလေး

စမ်းရေ ၊ စမ်း .. ရေ ...

လျှိုမြောင် အထပ်ထပ်

တောတောင် အရပ်ရပ်

ဖြတ်ကျော် ကူးသန်း

ခရီးကြမ်း နှင်လာသော

ကန္တာရ ခရီးသည် တစ်ကိုယ်ရည်

ချွေးပြိုက်ယိုစီး ပင်ပန်းကြီိးစွာ

ဆာလောင် မွတ်သိပ်နေ ...

ဒီတစ်ကွေ့မှ တွေ့ရပါသော

မြသီတာစမ်းချောင်း အပါးမှာလေ

နားနေ သောက်သုံးကြသူ

ရင်ဝယ် အေးချမ်းစေ

အပန်းဖြေ ..

စမ်းရေ၊ စမ်း .. ရေ ..

ကျေးဇူးတင်ပါတယ်(လေးစိုး)

သဲနုဝါ থেকে আরও

সব দেখুনlogo