ပန်းနဲ့ပေါက်တာလည်း နာချင်တယ်
တေးရေး ..မောင်ဆွေနွယ်
တေးဆို..သဲနုဝါ
...Intro...
...Go...
လကွယ်ည သန်းခေါင်ယံ အလယ်မှာ
မဟူရာကျောက်ရိုင်းတစ်တုံးကို
လူတကာကောက်ခိုင်းဦးတော့
ရှာလို့တွေ့ချင် တွေပါလိမ့်မယ်
ငွေဇာခြည် သိုင်းထွေးထားရာ
ဧရာနဒီ လှိုင်း အပြေးကြားမှာ
ဝေသာလီ ဗျိုင်းကလေးများခြေရာ
ရှာလို့တွေ့ချင် တွေ့ပါလိမ့်မယ်
မျက်တောင်ကလေး တစ်ချက်အခတ်မှာ
လှစ်ကနဲပြေးတဲ့ ချစ်သဲလေးရဲ့ ခြေရာ
ချစ်အစွဲလေးနဲ့
ဖွေရှာလို့လဲ မတွေ့နိုင် တယ်
ယနေ့တိုင်ကွယ်..
...music..
...Go..
လကွယ်ည သန်းခေါင်ယံ အလယ်မှာ
မဟူရာကျောက်ရိုင်းတစ်တုံးကို
လူတကာကောက်ခိုင်းဦးတော့
ရှာလို့တွေ့ချင် တွေ့ပါလိမ့်မယ်
ငွေဇာခြည် သိုင်းထွေးထားရာ
ဧရာနဒီ လှိုင်း အပြေးကြားမှာ
ဝေသာလီ ဗျိုင်းကလေးများခြေရာ
ရှာလို့တွေ့ချင် တွေ့ပါလိမ့်မယ်
မျက်တောင်ကလေး တစ်ချက်အခတ်မှာ
လှစ်ကနဲပြေးတဲ့ ချစ်သဲလေးရဲ့ခြေရာ
ချစ်အစွဲလေးနဲ့
ဖွေရှာလို့လဲ မတွေ့နိုင် တယ်
ယနေ့တိုင်ကွယ်..
...solo..
...go...
တွေ့များတွေ့နိုင်မယ်ဆိုရင်
မေးကြည့်ချင်တယ်
အချစ်ရေးမှာ ဒေါသနှောက်စရာ
အပြစ်ကလေးတွေ ပြောပလောက်တာများ
ရှိဖူးပါသလား... ကွယ်
သံသယ ရစ်စရာ နိမိတ်ပုံစမ်းကာ
အနန္တမေတ္တာ စိတ်ကုန်ခမ်းစရာ
ဘာများ.. ရှိခဲ့ပါသလဲကွယ်
....go..
မေ့မျက်နှာကို မကြည့်ချင်လဲ
မြင်းမိုရ် တောင်.... အနောက်မှာ
ကိုယ်ယောင်ဖျောက်ကာ နေချင်နေကွယ်
မေ့ရဲ့အသံ မကြားချင်လဲ...
သမုဒ္ဒရာ ရေပြင်ထဲ
ငုတ်ကာနေချင်လဲ
နေပါဦးကွယ်
အချစ်ဆုံးရယ်
သက်တံ ကွေးပေါ်က
အရောင် ပျက်၍သာ သွားစေ့ကွယ်
စက္ကန့်လေးသော်မှ
နောင် တသက်မမေ့တာများတော့
သိစေချင်တယ်
မေ့လို အသည်းမျိုးက
ကျမ်းဖွဲ့လောက် စရာပဲ ကမ္ဘာတွင်မယ်
ဆန်းတဲ့တစ်ယောက်ပါပဲ ရာဇဝင်ဝယ်
....
ချစ်တဲ့သူက ရက်စက်တဲ့ဟန်ရေးပြကာ
ပန်းနဲ့ပေါက်တာလဲ
နာချင်တယ်
ပန်း.. နဲ့ပေါက်တာလဲ..
နာ ချင် တယ်..
Minkhent