menu-iconlogo
huatong
huatong
avatar

နှလုံးသားတံတား

ဟင်္သာတထွန်းရင်huatong
💃🇲🇲💃minKhent💃🇲🇲💃huatong
লিরিক্স
রেকর্ডিং
နှလုံးသားတံတား

ဟင်္သာတထွန်းရင်

တေးရေး ဂီတစာဆို စိန်မောင်မြင့်

ချစ်ဧည့်သည် ချစ်ဧည့်သည်ဗျို့

ရွာနဲ့မောင့်ကို စွန့်ခွာပြီး

မြို့ကြီးကိုတဲ့

ပြန်တော့မယ်ဆို

ပြန်တော့မယ်ဆို

နှလုံးသားမြေမှာ

တံတားခင်းပေးခဲ့မယ်

နင်းသွားတော့ပျို

ချစ်ဧည့်သည်

ချစ်ဧည့်သည်ဗျို့

ရွာနဲ့မောင့်ကို စွန့်ခွာပြီး

မြို့ကြီးကိုတဲ့

ပြန်တော့မယ်ဆို

ပြန်တော့မယ်ဆို

နှလုံးသားမြေမှာ

တံတားခင်းပေးခဲ့မယ်

နင်းသွားတော့ပျို

ဘုရားတွေစုံအောင်

လိုက်ပို့ရင်း

လယ်ကန်သင်းတွေ

ကျော်ဖြတ်ပါလို့

လှည်းကလေးပေါ်မှာ

အတူယှဉ်တွဲ

ချစ်ပွဲဝင်ခဲ့ မေ့ပြီလားပျို

ဘုရားအို ကျောင်းပျက်

စေတီအထို

ကျောက်ချီမတာတွေအပို

အလွမ်းရင်တခို

ကျွမ်းဘဝင်ဖို

အသည်းမချိ

ဝေဒနာခံစားချက်တွေ

ရင်ပွင့်မတက် ကွဲအက်လို့ပြို

အသည်းမှာငို

ငုံးဆူ လူသိမှာစိုးသလို

ငိုသာငို အပူမိတာမျိုးလို

ဒွေးမယ်နော်

ငွေတောင်ပြည်ပြန်တော့

သုဓနုမင်းသားထက်

တို့အဖြစ်ရှစ်ဆပို

ရန်ကုန်သူ ပျိုဖြူထွား

တို့နှလုံးသား

နုတ်ယူသွားသကို

Music . .

ချစ်ဧည့်သည် ချစ်ဧည့်သည်ဗျို့

ရွာနဲ့မောင့်ကို စွန့်ခွာပြီး

မြို့ကြီးကိုတဲ့

ပြန်တော့မယ်ဆို

ပြန်တော့မယ်ဆို

နှလုံးသားမြေမှာ

တံတားခင်းပေးခဲ့မယ်

နင်းသွားတော့ပျို

ဘုရားတွေစုံအောင်

လိုက်ပို့ရင်း

လယ်ကန်သင်းတွေ

ကျော်ဖြတ်ပါလို့

လှည်းကလေးပေါ်မှာ

အတူယှဉ်တွဲ

ချစ်ပွဲဝင်ခဲ့ မေ့ပြီလားပျို

ဘုရားအို ကျောင်းပျက်

စေတီအထို

ကျောက်ချီမတာတွေအပို

အလွမ်းရင်တခို

ကျွမ်းဘဝင်ဖို

အသည်းမချိ

ဝေဒနာခံစားချက်တွေ

ရင်ပွင့်မတက် ကွဲအက်လို့ပြို

အသည်းမှာငို

ငုံးဆူ လူသိမှာစိုးသလို

ငိုသာငို အပူမိတာမျိုးလို

ဒွေးမယ်နော်

ငွေတောင်ပြည်ပြန်တော့

သုဓနုမင်းသားထက်

တို့အဖြစ်ရှစ်ဆပို

ရန်ကုန်သူ ပျိုဖြူထွား

တို့နှလုံးသား

နုတ်ယူသွားသကို

ပြီးပါပြီ

ဟင်္သာတထွန်းရင် থেকে আরও

সব দেখুনlogo