1အချစ်ဟာ လိုက်လို့ ပြေးတာလား
2အို ပြေးလို့ လိုက်တာလား
1 အတူတူအနီးကပ်ဆုံးလေး ရှိခဲ့တဲ့အချိန်
တန်ဖိုးမသိပါလား
2တကယ်တမ်း ဝေးသွားတော့မှ
အချစ်ရဲ့အဓိပ္ပါယ် နက်ရှိုင်းတဲ့ အဖြစ်လား
1သူ့အပေါ်အနိုင်ယူတာတွေများသွားခဲ့တယ်
(1+2) ခွင့်လွှတ်တဲ့အထိ တောင်းပန်ချင် လိုက်တာ
1 ဦးနှောက်ထဲကလား
ခန္ဓာကိုယ်ကလား
ရင်ဘတ်ထဲကလား
တင်းကျပ်ကျပ်နဲ့ပါ
လူအများသိအောင် ပြောရခက်တဲ့
ဝေဒနာ သည်လေးပါ
2 မျက်လုံးထဲကလား
နှလုံးသားထဲကလား
အတိုချုံးရရင် အချစ်ကြောင့် ဖြစ်တယ်
ဖြေဆေးရှိရဲ့လား
ဒီဝေဒနာတွေကို ကုသပေးဖို့
ဆေးကရှိပါ့မလား
1 ရင်မှာပူလောင်နေတာ သူမြင်သာအောင်
ကြေညာချင် လိုက်တာ
အဝေးကိုထွက်သွားတဲ့အချိန်
ရင်နှစ်ခြမ်း ကွဲအောင် ခံစားနေရှာမှာ
2 ဝမ်းနည်းပြီးလည်း ငါ့ပေါ်ကိုသူရင်နာနေရှာမှာ
(1+2)ဟုတ်ပါရဲ့ ငါအမှားကြီး မှားတာပါ
1 အချစ်ဟာ ရူးသွပ်ခြင်းကို ဖြစ်ပေါ်စေတဲ့
အဆိပ်တောက်ဆေးမြစ်လား
2 အလွန်တရာဆွဲအားပြင်းတဲ့
ဆွဲဆောင်ချက်တွေ စုစည်းထားတာလား
1 စွဲလန်းစိတ်ကို ဦးစားပေးလို့
လှုံဆော်အထပ်ထပ်ကြွေကွဲရ
2 ချစ်တတ်သွားလို့ ချစ်မယ့်အချိန်မှာ
အချစ်ဟာ ထွက်ပြေးသွား
1 အချစ်ဟာ လိုက်လို့ ပြေးတာလား
2 အို ပြေးလို့ လိုက်တာလား
1 အတူတူအနီးကပ်ဆုံးလေး ရှိခဲ့တဲ့အချိန်
တန်ဖိုးမသိပါလား
2 တကယ်တမ်း ဝေးသွားတော့မှ
အချစ်ရဲ့အဓိပ္ပါယ် နက်ရှိုင်းတဲ့ အဖြစ်လား
1 သူ့အပေါ်အနိုင်ယူတာတွေများသွားခဲ့တယ်
(1+2)ခွင့်လွှတ်တဲ့အထိ တောင်းပန်ချင် လိုက်တာ
1 ရင်မှာ ပူလောင်နေတာ သူမြင်သာအောင်
ကြေညာချင် လိုက်တာ
အဝေးကို ထွက်သွားတဲ့အချိန်
ရင်နှစ်ခြမ်း ကွဲအောင် ခံစားနေရှာမှာ
2 ဝမ်းနည်းပြီးလည်းငါ့ပေါ်ကိုသူရင်နာနေရှာမှာ
ဟုတ်ပါရဲ့ ငါအမှားကြီး မှားတာပါ
1 အချစ်ဟာ ရူးသွပ်ခြင်းကို ဖြစ်ပေါ်စေတဲ့
အဆိပ်တောက်ဆေးမြစ်လား
2 အလွန်တရာဆွဲအားပြင်းတဲ့
ဆွဲဆောင်ချက်တွေ စုစည်းထားတာလား
1 စွဲလန်းစိတ်ကို ဦးစားပေးလို့
လှုံဆော်အထပ်ထပ်ကြွေကွဲရ
2 ချစ်တတ်သွားလို့ ချစ်မယ့်အချိန်မှာ
အချစ်ဟာ ထွက်ပြေးသွား
1အချစ်ဟာ လိုက်လို့ ပြေးတာလား
2အို ပြေးလို့ လိုက်တာလား
1အတူတူအနီးကပ်ဆုံးလေး ရှိခဲ့တဲ့အချိန်
တန်ဖိုးမသိပါလား
2တကယ်တမ်း ဝေးသွားတော့မှ
အချစ်ရဲ့အဓိပ္ပါယ် နက်ရှိုင်းတဲ့ အဖြစ်လား
(1+2)သူ့အပေါ်အနိုင်ယူတာတွေများသွားခဲ့တယ်
ခွင့်လွှတ်တဲ့အထိ တောင်းပန်ချင် လိုက်တာ
(1+2)သူ့အပေါ်အနိုင်ယူတာတွေများသွားခဲ့တယ်
ခွင့်လွှတ်တဲ့အထိ တောင်းပန်ချင် လိုက်တာ