menu-iconlogo
huatong
huatong
-mmn-cover-image

ကျွန်တော်တင်တဲ့ရွှေမင်းသမီး.MMN

မောင်မောင်ညွှန့်huatong
লিরিক্স
রেকর্ডিং
ကျွန်တော်တင်တဲ့ ရွှေမင်းသမီး

မောင်မောင်ညွှန့်

မဟာစင်မှာ. . .

ကျွန်နော်တင်ကာ ပေးရပါတဲ့

မင်းသမီး.. မင်းသမီးးရေ.....

အလှပြုပြင်ပေးရပါတဲ့

ဥယျာဉ်မှူးဘ၀အခြေ

သူ့အတွက်ဆိုရင်လေ

အသွေးတွေအသားတွေ

ခြယ်မှုန်းလို့လည်း

သုံးချင်သုံး ပေးဝံ့ပါတယ်လေ

ကြင်နာယုယပန်းအလှနှယ်

အရိပ်ကြည့်ကာ

ကိုယ့်မှာစေတနာဝေဖြာနေ..…

ရွှေရင်သိမ်းသစ်

ပျိုမြစ်မြက်နွယ် မြကြိုးသွယ်ခြေ

နှလုံးသွေးပေး၍ လှပပွင့်ဖူး

ကိုယ်ပျိုးသည့်ပန်း

မနွမ်းစေချင်ဘူးလေ

အရခူးမယ်လို့လည်း

အသည်းကမရည်ရွယ်ပေ

နေခြည် ၀င့်သော် မှ

ကာမိုးပါ့မယ်အမြဲအသည်းမှ

အစဉ်သာလေ

မိုးနတ်မယ်အလှနယ်

မင်းသမီးလေးလှနိုင်ပါစေလေ..

music.solo

ရွှေရင်သိမ်းသစ်

ပျိုမြစ်မြက်နွယ် မြကြိုးသွယ်ခြေ

နှလုံးသွေးပေး၍ လှပပွင့်ဖူး

ကိုယ်ပျိုးသည့်ပန်း

မနွမ်းစေချင်ဘူးလေ

အရခူးမယ်လို့လည်း

အသည်းကမရည်ရွယ်ပေ

နေခြည် ၀င့်သော် မှ

ကာမိုးပါ့မယ်အမြဲအသည်းမှ

အစဉ်သာလေ

မိုးနတ်မယ်အလှနယ်

မင်းသမီးလေးလှနိုင်ပါစေ လေ..…

ထင်ပေါ်ရင်လေ

စင်တော်ကောက်ပြီသူ့အခြေ

သစ်မရောက်ခင် ၀ါးကူသလိုပေ

ကိုယ့်ကိုယ်ပစ်ခွါသွား

စိတ်မြင့်မားကာသူ့အခြေ

ဘ၀မေ့တက်သူပါလေ

သင်ဆရာမြင်ဆရာ

မမေ့တန်ကောင်း..

မမေ့ကောင်းဘူးကွဲ့

ရွှေမင်းသမီးရေ

ကိုယ်ကခွင့်လွှတ်ခြင်းနဲ့

ထာဝစဉ်ရပ်တည်မယ်လေ

မင်းသိစေချင်သောအခြေ

သြော် ဘ၀ဆိုတာ

ကွေ့ကောက်ခြင်း များပေ

တစ်ရွာဝင်

သြော်တစ်ရွာထွက်ပါလို့

တစ်ကိုယ်တည်း

လျှောက်လာရသူအခြေ

ရွက်ကြွေတောဝယ် မောပန်းလျှောက်လာသော်ခဏ

အပန်းဖြေရာ

စမ်းရေအိုင်အနားမှာ

ထိုင်ကာအပန်းဖြေ

စောင်းသံကိုညှင်း..

သူ့ကိုသတိရနေတယ်လေ

နှောင်းအတိတ်က

ရွှေမင်းသမီးရေ..…

ဒီလိုကပါ ဒီလိုဆိုပါ လို့

ဒီလိုပြော..ပါ

သင်ကာခင်ရှာ တဲ့ စောင်းသမားတစ်ယောက်ကိုလေ

သတိမရရင်နေပါစေ

ရွှေမင်းသမီးရေ

ဘ၀လမ်းချမ်းမြေ့ပါစေလေ

တစ်ရွာဝင်

သြော်တစ်ရွာထွက်ပါလို့

တစ်ကိုယ်တည်း

လျှောက်လာရသူအခြေ

ရွက်ကြွေတောဝယ် မောပန်းလျှောက်လာသော်ခဏ

အပန်းဖြေရာ

စမ်းရေအိုင်အနားမှာ

ထိုင်ကာအပန်းဖြေ

ဆောင်းသံကိုညှင်း..

သူ့ကိုသတိရနေတယ်လေ

နှောင်းအတိတ်က

ရွှေမင်းသမီးရေ..

ဒီလိုကပါ ဒီလိုဆိုပါ လို့

ဒီလိုပြော..ပါ

သင်ကာခင်ရှာ တဲ့ စောင်းသမားတစ်ယောက်ကိုလေ

သတိမရရင်နေပါစေ

ရွှေမင်းသမီးရေ

ဘ၀လမ်းချမ်းမြေ့ပါစေ လေ……

Thank

Apay

မောင်မောင်ညွှန့် থেকে আরও

সব দেখুনlogo