“ မိုး “
ကိုစောညိမ်း၊ မာမာအေး
Kyaw Thu Lin
ပြိုဟန်နဲ့
ညိုးမာန်တော်ဖွဲ့ ပစ္စုန်ဒေဝါရယ်
ရွာယောင်ခုများနှော်ကွယ်
သနားကင်းလို့ ညှင်းနိုင်လေအားတယ်
စက်ခန်းသာ ဆောင်နန်းအလယ်
ဖော်မဲ့သူ ရွှေအား... ငယ်
....
ပြိုဟန်နဲ့
ညိုးမာန်တော်ဖွဲ့ ပစ္စုန်ဒေဝါရယ်
ရွာယောင်ခုများနှော်ကွယ်
သနားကင်းလို့ ညှင်းနိုင်လေအားတယ်
စက်ခန်းသာ ဆောင်နန်းအလယ်
ဖော်မဲ့သူ ရွှေအား... ငယ်
....
ထွေးယူပွေ့ပါ လှည့်ကွယ်
မျှော်နေလျှက် ကွယ်
ချစ်ဖေါ်မဲ့သူမို့ကွယ်
မောင်ရယ် ခက်တယ်
မြင်လာပါစမ်း စေချင်ပြီကွယ်
အေးစိမ့်စိမ့် ချမ်းရှာ လွန်းသူမယ်
ထွေးယူပွေ့ပါ လှည့်ကွယ်
မျှော်နေလျှက် ကွယ်
ချစ်ဖေါ်မဲ့သူမို့ကွယ်
မောင်ရယ် ခက်တယ်
မြင်လာပါစမ်း စေချင်ပြီကွယ်
အေးစိမ့်စိမ့် ချမ်းရှာ လွန်းသူမယ်
<<
>> .... လျှပ်ပန်း လျှပ်နွယ် ပွင့်ကာ တိမ်လွှာ တလွင့်လွင့် လေယူလောင်းလို့ရယ် ညိုပြာရီမှောင် ရင်ဖိုအောင် ပြုတာလားကွယ် တကိုယ်တည်း မနေရဲတယ် သဲလဲ သဲနိုင်ပါလေတယ် ကူလာသူဝေး... တွေးလေလေ စိုးကြောက်ဖွယ် မိုးနတ်ဒေဝါများရယ် သနားစိတ်နဲ့ တိတ်စမ်းပါကွယ် <<>> .... လျှပ်ပန်း လျှပ်နွယ် ပွင့်ကာ တိမ်လွှာ တလွင့်လွင့် လေယူလောင်းလို့ရယ် ညိုပြာရီမှောင် ရင်ဖိုအောင် ပြုတာလားကွယ် တကိုယ်တည်း မနေရဲတယ် သဲလဲ သဲနိုင်ပါလေတယ် ကူလာသူဝေး... တွေးလေလေ စိုးကြောက်ဖွယ် မိုးနတ်ဒေဝါများရယ် သနားစိတ်နဲ့ တိတ်စမ်းပါကွယ် ထွေးယူပွေ့ပါ လှည့်ကွယ် မျှော်နေလျှက် ကွယ် ချစ်ဖေါ်မဲ့သူမို့ကွယ် မောင်ရယ် ခက်တယ် မြင်လာပါစမ်း စေချင်ပြီကွယ် အေးစိမ့်စိမ့် ချမ်းရှာ လွန်းသူမယ် ထွေးယူပွေ့ပါ လှည့်ကွယ် မျှော်နေလျှက် ကွယ် ချစ်ဖေါ်မဲ့သူမို့ကွယ် မောင်ရယ် ခက်တယ် မြင်လာပါစမ်း စေချင်ပြီကွယ် အေးစိမ့်စိမ့် ချမ်းရှာ လွန်းသူမယ် ပြီးပါပြီ။