သီချင်း - ဝေးကြတာကောင်းမယ် 
တေးဆို - အောင်ထက် 
အရာရာငါမင်းအနားမှာချန်ရစ်ပြီး 
ငါခြေလှမ်းစတင်ဖို့ 
အဖြစ်ဟာမလွယ်ဘူး 
ဟိုအရင်လို 
တို့အတူရှိသောနေ့ဟာ 
ပုံပြင်လိုအိမ်မက်တခုလို 
မဟုတ်ဘူးလေ 
အပြာရောင်နေ့လေးတွေ 
လောင်ကျွမ်းဆဲ 
စွန့်လွှတ်ခြင်းအဖြစ်ဟာ 
မီးစလိုပူတယ် 
ဒီအချိန်မှာ တကယ်ဆိုကိုယ်က 
သူရဲကောင်းတစ်ယောက်မဟုတ်ဘူး 
ခံစားချက်နဲ့လူပဲ 
အားတင်းထားဖို့မလွယ်ဘူး 
အကုန်လုံးထက်မင်းကိုပိုချစ်တယ် 
နောက်ထပ်ပြောစရာမရှိဘူး 
အချစ်တခုထဲပါ 
ကျန်တာမရှိဘူးအချစ်ရယ် 
အဆောင်အယောင်ဆိုတာကင်းတဲ့ 
မင်းနဲ့မဖြစ်ဘူးအချစ်ရယ် 
ကိုယ်တသက်လုံးဝမ်းနဲနေမယ် 
အခုကစ ဝေးကြတာကောင်းမယ် 
အရာရာငါမင်းအနားမှာချန်ရစ်ပြီး 
ငါခြေလှမ်းစတင်ဖို့ 
အဖြစ်ဟာမလွယ်ဘူး 
ဟိုအရင်လို 
တို့အတူရှိသောနေ့ဟာ 
ပုံပြင်လိုအိမ်မက်တခုလို 
မဟုတ်ဘူးလေ 
အပြာရောင်နေ့လေးတွေ 
လောင်ကျွမ်းဆဲ 
စွန့်လွှတ်ခြင်းအဖြစ်ဟာမီးစလိုပူတယ် 
ဒီအချိန်မှာ တကယ်ဆိုကိုယ်က 
သူရဲကောင်းတစ်ယောက်မဟုတ်ဘူး 
ခံစားချက်နဲ့လူပဲ 
အားတင်းထားဖို့မလွယ်ဘူး 
အကုန်လုံးထက်မင်းကိုပိုချစ်တယ် 
နောက်ထပ်ပြောစရာမရှိဘူး 
အချစ်တခုထဲပါ 
ကျန်တာမရှိဘူးအချစ်ရယ် 
အဆောင်အယောင်ဆိုတာကင်းတဲ့ 
မင်းနဲ့မဖြစ်ဘူးအချစ်ရယ် 
ကိုယ်တသက်လုံးဝမ်းနဲနေမယ် 
အခုကစ ဝေးကြတာကောင်းမယ် 
အကုန်လုံးထက်မင်းကိုပိုချစ်တယ် 
နောက်ထပ်ပြောစရာမရှိဘူး 
အချစ်တခုထဲပါ 
ကျန်တာမရှိဘူးအချစ်ရယ် 
အို အဆောင်အယောင်ဆိုတာကင်းတဲ့ 
မင်းနဲ့မဖြစ်ဘူးအချစ်ရယ် 
ကိုယ်တသက်လုံးဝမ်းနဲနေမယ် 
အခုကစ ဝေးကြတာကောင်းမယ် 
အကုန်လုံးထက်မင်းကိုပိုချစ်တယ် 
နောက်ထပ်ပြောစရာမရှိဘူး 
အချစ်တခုထဲပါ 
ကျန်တာမရှိဘူးအချစ်ရယ် 
အဆောင်အယောင်ဆိုတာကင်းတဲ့ 
မင်းနဲ့မဖြစ်ဘူးအချစ်ရယ် 
ကိုယ်တသက်လုံးဝမ်းနဲနေမယ် 
အခုကစ ဝေးကြတာကောင်းမယ်