ဟိုးအရင်ကလိုမျိုး
နင့်ဘေးမှာရှိချင်လို့
ကြိုးစားခဲ့သမျှ
အရာမထင်တော့လို့
ပြန်လွမ်းနေမိနေတုန်း
နင့်စကားသံလေးတွေတစ်ချို့
သတိရတဲ့အခါ
မျက်ရည်ဝဲလို့
အသည်းကွဲခန်းမှာ
ငါဆိုတာက
ဇာတ်ပို့တစ်ယောက်လိုမျိုး
အရံခန်းလေးထဲမှာ
ခဏတဖြုတ်လေးသာ
မင်းဘေးနားငါရှိရင်
ပျော်လွန်းလို့
အရမ်းလွမ်းနေလို့
အခွင့်သာတဲ့တစ်နေ့တော့
ငါ့ရင်ကို
နင်လမ်းကြုံတဲ့အခါ
ခဏတဖြုတ်ဝင်ခဲ့ဖို့
မမေ့ရက်နိုင်လို့
တယုတယသိမ်းထားတဲ့
အတိတ်တွေကို
နင်သိအောင်လို့
ငါပြောမပြချင်တော့လို့
ဟိုးအရင်ကလိုမျိုး
နင့်အနားမှာရှိချင်လို့
ဆုတောင်းလေးမပြည့်တော့
ငိုနေမိလို့
နေ့တိုင်းမျှော်လင့်နေတုန်း
နင့်ဖုန်းသံလေးတွေတစ်ချို့
လေလှိုင်းလေးကြားမှာ
အလွမ်းသယ်ချင်မိလို့
အသည်းကွဲခန်းမှာ
ငါဆိုတာက
ဇာတ်ပို့တစ်ယောက်လိုမျိုး
အရံခန်းလေးထဲမှာ
ခဏတဖြုတ်လေးသာ
မင်းဘေးနားငါရှိရင်
ပျော်လွန်းလို့
အရမ်းလွမ်းနေလို့
အခွင့်သာတဲ့တစ်နေ့တော့
ငါ့ရင်ကို
နင်လမ်းကြုံတဲ့အခါ
ခဏတဖြုတ်ဝင်ခဲ့ဖို့
မမေ့ရက်နိုင်လို့
တယုတယသိမ်းထားတဲ့
အတိတ်တွေကို
နင်သိအောင်လို့
ငါပြောမပြချင်တော့လို့
မင်းမရှိလို့မဖြစ်တဲ့ဘဝကို
ရက်စက်ခဲ့ပေမယ့်
အငြှိုးအတေးမရှိပါ
နင့်ကိုငါချစ်လို့
ဟိုးးး
အရမ်းလွမ်းနေလို့
အခွင့်သာတဲ့တစ်နေ့တော့
ငါ့ရင်ကို
နင်လမ်းကြုံတဲ့အခါ
ခဏတဖြုတ်ဝင်ခဲ့ဖို့
မမေ့ရက်နိုင်လို့
တယုတယသိမ်းထားတဲ့
အတိတ်တွေကို
နင်သိအောင်လို့
ငါပြောမပြချင်တော့လို့
အရမ်းလွမ်းနေလို့
အခွင့်သာတဲ့တစ်နေ့တော့
ငါ့ရင်ကို
နင်လမ်းကြုံတဲ့အခါ
ခဏတဖြုတ်ဝင်ခဲ့ဖို့
မမေ့ရက်နိုင်လို့
တယုတယသိမ်းထားတဲ့
အတိတ်တွေကို
နင်သိအောင်လို့
ငါပြောမပြချင်တော့လို့
နင်သိအောင်လို့
ငါပြောမပြနိုင်တော့လို့