Title-A Wedding Day
Artist-Cherry Thin + Zay Naing +
Htet Hlyan Hmue
မင်္ဂလာပွဲစတော့မယ်
၁၅မိနစ်လောက်တော့လိုသေးလို့
ငါသိပ်ချစ်ရတဲ့နင့်ကို နောက်ဆုံး
အနေနဲ့ ဖုန်းဆက်လိုက်တယ်
ငါလည်းသတင်းကြားတယ်
သူကငါ့ထက်အများကြီးသာပါတယ်
အို့ အို မင်းကို အမြင့်ဆုံးမှာပဲ အမြဲတွေ့ချင်လို့
ငါရှောင်ပေးလိုက်တယ် ငါနေခဲ့ရတယ်
ကျေနပ်တယ် ချစ်လို့
ငါတစ်ကယ်မ ချစ်တဲ့တစ်ယောက်နဲ့
ပေါင်းဖက်ဖို့ဆိုတာလဲ ငါ့နေရာနင်ခနလောက်ဝင်ကြည့်
A wedding day for a girl
အဖြူရောင်ဂါဝန်လေးနဲ့ အရမ်းရမ်းလှနေမှာပဲနင်
a wedding time for my cute girl
မပျော်နိုင်ပါဘူးကွယ် သတို့သားက မင်းမှမဟုတ်ပဲ
ငါအရမ်းသတိရတယ် နင်ကငါ့အချစ်ဦးသူမို့
မချစ်ဖူးတဲ့အချစ်နဲ့မင်းကို နောက်ဆုံးအနေနဲ့ချစ်ခဲ့မိတယ်
နင်အဲ့လောက်ချစ်တယ် ငါကမင်းထက်မင်းကိုချစ်လို့
နွံထဲဆွဲမနစ်တာ အမြင့်ဆုံးမှာပဲအမြဲတွေ့ချင်လို့
ငါရှောင်ပေးလိုက်တယ် ငါနေခဲ့ရတယ် ကျေနပ်တယ် ချစ်လို့
ငါတစ်ကယ်အချစ်တဲ့တစ်ယောက်နဲ့ ပေါင်းဖက်ဖို့ဆိုတာလဲ
ငါ့နေရာနင်ခနလောက်ဝင်ကြည့်
A wedding day for a girl
အဖြူရောင်ဂါဝန်လေးနဲ့ အရမ်းရမ်းလှနေမှာပဲနင်
a wedding time for my cute girl
မပျော်နိုင်ပါဘူးကွယ် သတို့သားက မင်းမှမဟုတ်ပဲ
အတူတူမက်ခဲ့ဖူးတဲ့ အိမ်မက်ထဲကတို့နှစ်ယောက်ရဲ့
မင်္ဂလာပွဲလေး ခမ်းနားလှပနေ
အခုများတော့ မျက်ရည်မိုးဆွေ
အတူတူမက်ခဲ့ဖူးတဲ့နှစ်ယောက်ရဲ့မင်္ဂလာပွဲလေး
အပြုံးပန်းတို့ပွင့်ဝေ ဒီနေ့နဲ့တခြားစီပဲလေ
a wedding day for a girl
အဖြူရောင်ဂါဝန်လေးနဲ့ အရမ်းရမ်းလှနေမှာပဲနင်
a wedding time for my cute girl
မပျော်နိုင်ပါဘူးကွယ် သတို့သားက မင်းမှမဟုတ်ပဲ