သီချင်းများနဲ့အားယူမည်
တေးရေး ညီညီသွင်
L လွန်းဝါ+ရှင်ဖုန်း
M လောကကြီးထဲမှာလေ
အချစ်လေးမင်းနဲ့တွဲလို့ပေါ့
မမောဘူးမင်းနဲ့အတူတူ
ဘေးနားရှိမယ်ဆိုရင်ပေါ့
နေ့သစ်များကြိုဆိုအချိန်တိုင်း
ဒို့နှစ်ယောက်သီချင်းများဆိုလို့
အနာဂတ်များဆီသို့
ရှေ့ဆက်ပြီး သွား ကြ မယ်
သောကများလည်းရင်မှာဆက်ပြီး
သိမ်းဆည်းမထားခဲ့တာ
ဝေးကြရဖို့ဆိုတာ အမြဲတမ်း
မမေ့နိုင်အောင်လေပေါ့
အိပ်မက်လေးများရှင်သန်နိုင်ဖို့
ဒို့နှစ်ယောက်သီချင်းများဆိုလို့
ရင်ခုန်ခြင်းတွေနဲ့
အားယူရင်း ရှေ့ဆက်မယ်
F ဒဏ်ရာတွေမေ့လို့သွားဖို့က
မြူမှုန်တွေဝေးလွင့်သွားဖို့ရာ
အားကိုးနိုင်ဖို့
မင်းပဲရှိနေလို့
သီချင်းလေးတစ်ပုဒ်ကို
ကြင်ကြင်နာနာဆိုလိုက်ဦး
အနားနားတိုးစမ်းပါ
ရင်ခုန်သံတွေ
မအေး ခဲဘူးသိလား
မဆုံးတမ်းရင်ထဲ
အချစ်ရဲ့ဂီတသစ်ကို
ကြူးရင့်ဟစ်ကြွေးကြမယ်
မင်းနဲ့တူအမြဲ..
M ရွှေရောင်သံစဉ်တွေ
ချိုမြလို့ ရင်ထဲက
ကြင်နာရောင်စဉ်တွေဖြာလင်းလို့
ဒို့အတူ အလင်းသစ်များကိုမျှော်ရင်းနဲ့
တစ်သက်လုံး ကြည်ဖြူလို့
ယုံကြည်မခွဲတမ်းဘဲ....
တိုင်တည်ဒီကမ္ဘာနောက်ဆုံးနေ့
နေမင်းကြီးကွယ်ကာ
ငွေစန္ဒာ ပျောက်ဆုံးလည်း
သူ့အပေါ်စွဲလန်းလို့သာနေရင်းနဲ့
ကြည်ဖြူလို့ ကြင်နာလို့
နောင်သံသရာအဆက်ဆက်ထိ
ချစ်နေမယ်...
?
M လောကကြီးထဲမှာလေ
အချစ်လေးမင်းနဲ့တွဲလို့ပေါ့
မမောဘူးမင်းနဲ့အတူတူ
ဘေးနားရှိမယ်ဆိုရင်ပေါ့
နေ့သစ်များကြိုဆိုအချိန်တိုင်း
ဒို့နှစ်ယောက်သီချင်းများဆိုလို့
အနာဂတ်များဆီသို့
ရှေ့ဆက်ပြီး သွား ကြ မယ်
F ဒဏ်ရာတွေမေ့လို့သွားဖို့က
မြူမှုန်တွေဝေးလွင့်သွားဖို့ရာ
အားကိုးနိုင်ဖို့
မင်းပဲရှိနေလို့
သီချင်းလေးတစ်ပုဒ်ကို
ကြင်ကြင်နာနာဆိုလိုက်ဦး
အနားနားတိုးစမ်းပါ
ရင်ခုန်သံတွေ
မ အေး ခဲဘူးသိလား
မဆုံးတမ်းရင်ထဲ
အချစ်ရဲ့ဂီတသစ်ကို
ကြူးရင့်ဟစ်ကြွေးကြမယ်
မင်းနဲ့တူအမြဲ..
M ရွှေရောင်သံစဉ်တွေ
ချိုမြလို့ ရင်ထဲက
ကြင်နာရောင်စဉ်တွေဖြာလင်းလို့
ဒို့အတူ အလင်းသစ်များကိုမျှော်ရင်းနဲ့
တစ်သက်လုံး ကြည်ဖြူလို့
ယုံကြည်မခွဲတမ်းဘဲ....
တိုင်တည်ဒီကမ္ဘာနောက်ဆုံးနေ့
နေမင်းကြီးကွယ်ကာ
ငွေစန္ဒာ ပျောက်ဆုံးလည်း
သူ့အပေါ်စွဲလန်းလို့သာနေရင်းနဲ့
ကြည်ဖြူလို့ ကြင်နာလို့
နောင်သံသရာအဆက်ဆက်ထိ
ချစ်နေမယ်...
G ယုံကြည်ချက်များ
လှပလို့ ဝေဒနာ
နာကျင်မှုများဝေးလွင့်ဖို့
ခံစားရနေ့များ
ပျောက်ဆုံးဖို့ ရင်ခုန်သံတွေ
ခိုင်ခိုင်မာမာကြည်လင်လို့
မဆုံးသောနေ့များ
အရောက်လှမ်းဖို့ခံနိုင်ရည်
အားတင်းရင်းနဲ့ ရှေ့ဆက်စို့
အချစ်သီချင်းလေးတွေနဲ့
ဆုံးတဲ့အထိ ဆက်လျှောက်နေမယ်...
? ချမ်း မြေ့ပါ စေ?