သီချင်း - တစ်ရေးချစ်ခွင့်မြင်ရနိုး
တေးဆို - Myint Zu Thin
နီးဖို့ရာဆိုရင်ဝါဆို တောင်မှ
ပြာသိုနားတွင်
ထားလိုက်ချင်...
ရက်ဖြင့်လစွန်း
ယွန်းလေသည့် အဝေးနှင့်
ကြာလေလေ သတိရ အတိုင်းတိုင်
တစ်ပြန်တစ်ဗီ တစ်နာရီမျှ
တစ်ဆံချည်မျှင် မေ့နိုင်အောင်ဘဲ
စေ့စေ့ကဲလျှင်.......
ထိလုမိုးဆီ တိမ်သို့မှီသား
ထွဋ်ဘုန်းခေါင်ဖျား
မြတ်စေတီအပါး၌
နယ်ခြားမြေဝေး နှောင်းချစ်ထွေးနှင့်
တစ်ရေးချစ်ခွင့် မြင်ရနိုး ထင့်
တစ်ရေးချစ်ခွင့် မြင်ရနိုး... ရှင်
နီးဖို့ရာဆိုရင်.ဝါဆို တောင်မှ
ပြာသိုနားတွင်
ထားလိုက်ချင်ရက်ဖြင့်လစွန်း
ယွန်းလေသည့် အဝေးနှင့်
ကြာလေလေ သတိရ အတိုင်းတိုင်
တစ်ပြန်တစ်ဗီ တစ်နာရီမျှ
တစ်ဆံချည်မျှင် မေ့နိုင်အောင်ဘဲ
စေ့စေ့ကဲလျှင်.......
ထိလုမိုးဆီ တိမ်သို့မှီသား
ထွဋ်ဘုန်းခေါင်ဖျား
မြတ်စေတီအပါး၌
နယ်ခြားမြေဝေး နှောင်းချစ်ထွေးနှင့်
တစ်ရေးချစ်ခွင့် မြင်ရနိုး ရှင်
တစ်ရေးချစ်ခွင့် မြင်ရနိုး... ရှင်
ဦးလည်ဆံမြေ့ နှောင်းတရွှေ့ရွှေ့
မြူးဆွယ်ဟန်ဓလေ့ အောက်တမေ့မေ့
တစ်နေ့နေ့ တစ်ချိန်ချိန်
အိမ်သူဆွေအား
ဒီကမေတ္တာ ရှင့်ဖို့ပါပဲ
အင်း သခင့်ဖို့ပါပဲ
ချစ်စကားလက်ဆောင်ပါး၍
မျှော်ရလပ်သူ စောင့်ရလပ်သူ
နေ့တာကရှည် ညတာလည်းရှည်
ချိုးလက်ရေ ခါခါပြောင်း
ခါခါပြောင်း...ညောင်းနိုင်ဘူးထင်
ကြောင်လျား စီစစ် မောင့်အဖြစ်ချည်းမို့
ဝမ်းနဲ ဝမ်းပါး ရွှေအားတော်ငယ်ပါ့ဘိ
မှားမိသည့်ဝန်တာ ဆွေရင်းချာသို့
ပြေရာပြေကြောင်းတောင်းပန်ချင်..
ထိလုမိုးဆီ တိမ်သို့မှီသား
ထွဋ်ဘုန်းခေါင်ဖျား
မြတ်စေတီအပါး၌
နယ်ခြားမြေဝေး နှောင်းချစ်ထွေးနှင့်
တစ်ရေးချစ်ခွင့် မြင်ရနိုးရှင့်
တစ်ရေးချစ်ခွင့် မြင်ရနိုး... ရှင်
ချိုးလက်ရေ ခါခါပြောင်း
ခါခါပြောင်း...ညောင်းနိုင်ဘူးထင်
ကြောင်လျား စီစစ် မောင့်အဖြစ်ချည်းမို့
ဝမ်းနဲ ဝမ်းပါး ရွှေအားတော်ငယ်ပါ့ဘိ
မှားမိသည့်ဝန်တာ ဆွေရင်းချာသို့
ပြေရာပြေကြောင်းတောင်းပန်ချင်
ထိလုမိုးဆီ တိမ်သို့မှီသား
ထွဋ်ဘုန်းခေါင်ဖျား
မြတ်စေတီအပါး၌
နယ်ခြားမြေဝေး နှောင်းချစ်ထွေးနှင့်
တစ်ရေးချစ်ခွင့် မြင်ရနိုး ထင့်
တစ်ရေးချစ်ခွင့် မြင်ရနိုး... ရှင်။