သီချင်း - သဲကြီးမဲကြီး
တေးဆို - မဥ္ဇူသင်း
အမုန်း ဆို တဲ့ စကား
လေသံတောင် မကြားချင်ဘူးတဲ့ ရှင်
ဟိုအရင် အစက ကျွန်မကို ချစ် ခင်
ဘယ်တုန်းကမှ အပြစ်ကိုလည်းမမြင်
ချစ်တုန်း ခင်တုန်း မှာဖြင့်
မောင်သုံးခဲ့ဘူးတဲ့ စကားသံလေးတွေ
ကျွန်မပြောပြမယ်
သောတနား သောတနား ဆင်
နှစ်ကိုယ်တူများတွေ့ရင်
ချို ရွှင်မျက်နှာထား
အသည်းများတောင် ကွဲသွားမလားလို့
ထင်မြင်နေသတဲ့ရှင်
မျက်စိအောက်ကကိုဖြင့်
အပျောက်မခံနိုင်ဘူး
ရုးမတက်မောင်ချစ်ခင်
သူလှည့်ဖျားလို့
စကားတွေ တက်တိုင်းတွင်
နှစ်ကိုယ်တူများတွေ့ရင်
ချို ရွှင်မျက်နှာထား
အသည်းများတောင် ကွဲသွားမလားလို့
ထင်မြင်နေသတဲ့ရှင်
မျက်စိအောက်ကကိုဖြင့်
အပျောက်မခံနိုင်ဘူး
ရုးမတက်မောင်ချစ်ခင်
သူလှည့်ဖျားလို့
စကားတွေ တက်တိုင်းတွင်
ချစ်ခင်နေတုန်းမှာ
ပြုံးတာလေးတွေရေးရေးမြင်
ခုနေခါများတွင်
မောင့်ကိုတွေ့ရင် မေးလိုက်ချင်
မုန်းပင်အောက် မောင်ရောက်လို့ပင်
မုန်းတာလား ရှင်
မေ့ပင်အောက် မောင်ရောက်တော့ရင်
မေ့တာလား ရှင်
မေတ္တာစစ်သည်ပန်းပင်
မနွမ်းခင်ကြွေမှာစိုးလို့
အမျိုးမျိုးစာနာကာပင်
ချစ်မိုးကြီးရွာပါစေချင်
ကလိမ်စေ့ငြမ်းဆင်
လိမ်ချင်လိမ်အုံးမှာလားရှင်
ဟိုအရင် နှစ်ကိုယ်ပင်
တွေ့စဉ်တုန်း
မောင်ပြုံး မယ်ပြုံး
ဘယ်တော့မှ မုန်းဖို့မမြင်
ကလိမ်စေ့ငြမ်းဆင်
လိမ်ချင်လိမ်အုံးမှာလားရှင်
ဟိုအရင် နှစ်ကိုယ်ပင်
တွေ့စဉ်တုန်း
မောင်ပြုံး မယ်ပြုံး
ဘယ်တော့မှ မုန်းဖို့မမြင်
မောင်ပြောသမျှ အဟောဝတ
သဘောကျပါသရှင် သဘောကျပါသရှင်
မေခင်လေးကို သြော် ရွှေရင်နွေးလို့
အေးအောင်သာပင်
အချစ်ဆေး တိုက်ကျွေးပါလားရှင်
ယုံလောက်အောင် သူပြောပြန်ရင်
ယုံကြည်စွာ စိတ်ကထင်
ချိုချိုသာသာ
စကားတွေဆိုလာပြန်တော့
ထားမေကျော့လေး ယုံမိပါသေးရဲ့ရှင်
ချစ်ခွန်းတုံ့တင် တွင်တွင် သူပြော
မောလည်း မောနိုင်ဘူးရှင်
ပန်းလည်းပန်းနိုင်ဘူးရှင်
ပိုင်ပိုင်နိုင်နိုင် မေ့နားမှာသူထိုင်
စကားတွေ လှိုင်လှိုင်ချွဲ
သဲကြီးမဲကြီးစွဲပြီး ချစ်သတဲ့ရှင်
ယုံလောက်အောင် သူပြောပြန်ရင်
ယုံကြည်စွာ စိတ်ကထင်
ချိုချိုသာသာ စကားတွေဆိုလာပြန်တော့
ထားမေကျော့လေး ယုံမိပါသေးရဲ့ရှင်
ချစ်ခွန်းတုံ့တင် တွင်တွင် သူပြော
မောလည်း မောနိုင်ဘူးရှင်
ပန်းလည်းပန်းနိုင်ဘူးရှင်
ပိုင်ပိုင်နိုင်နိုင် မေ့နားမှာသူထိုင်
စကားတွေ လှိုင်လှိုင်ချွဲ
သဲကြီးမဲကြီးစွဲပြီး ချစ်သတဲ့ရှင်
ချစ်ခင်နေတုန်းမှာ
ပြုံးတာလေးတွေရေးရေးမြင်
ခုနေခါများတွင်
မောင့်ကိုတွေ့ရင် မေးလိုက်ချင်
မုန်းပင်အောက် မောင်ရောက်လို့ပင်
မုန်းတာလား ရှင်
မေ့ပင်အောက် မောင်ရောက်လို့ပင်
မေ့တာလား ရှင်
မေတ္တာစစ်သည်ပန်းပင်
မနွမ်းခင်ကြွေမှာစိုးလို့
အမျိုးမျိုးစာနာကာပင်
ချစ်မိုးကြီးရွာပါစေချင်