သီချင်း း Family Photo
တေးဆို း The Zero
အသားမာတွေနဲ့ပြည့်နှက်လို့နေတဲ့
အမေ့ရဲ့လက်တို့အစုံ
အဖေရယ်ခေါ်စရာမရှိမမြင်တာကြာနေပြီ
မိသားစုလေးဟာတစ်ကွဲတပြားစီ
ကျွန်တော်ငယ်ငယ်ကမိသားစုဓာတ်ပုံလေးရယ်
မှုန်ရီဝေဝါးဆေးများပျက်လို့ပျက်ဒါပေမယ့်လည်း
အမေရယ်အားကိုးပြီးတော့ချစ်ခဲ့ကျနော်
အသက်နဲ့လဲစောင့်ရှောက်မယ်
ဘဝခါးရဲ့လှိုင်းဒဏ်ကြားမှာအမေခါးစည်းခံ
လေနီကြမ်းတို့တိုက်ခတ်လည်းပဲမယိုင်လဲပဲအမေခါးစည်းခံ
အဖေထားခဲ့မိသားစုလေးရယ်
ပညာရှာနေတုန်း လူကြားထဲမျက်နှာငယ်
ညီမလေးရယ်စိတ်မပျက်နဲ့
လူတကာတွေလက်ညိုးအကြိမ်ကြိမ်ခါခါထိုး
ကိုယ်ကောင်းရင်ခေါင်းမရွေ့တယ်
ကျွန်တော်ငယ်ငယ်ကမိသားစုဓာတ်ပုံလေးရယ်
မှုန်ရီဝေဝါးဆေးများပျက်လို့ပျက်ဒါပေမယ့်လည်း
အမေရယ်အားကိုးပြီးတော့ချစ်ခဲ့ကျနော်
အသက်နဲ့လဲစောင့်ရှောက်မယ်
ဘဝခါးရဲ့လှိုင်းဒဏ်ကြားမှာလူရယ်ဖြစ်လာတော့