သီချင်း - မုန်း
တေးဆို - ရာဝန (Yarwana)
အလွမ်းတွေရဲ့ကြား ငါ့မှာအလူးအလဲခံနေရ
နင်ဟန်ဆောင်ပြီးချစ်ပြတဲ့ အချစ်တစ်ခုကိုငါ
အရူးအမူးဖြစ်နေခဲ့တာ
တကယ်ဆိုငါ့ရဲ့အမှားတွေပါ
ငါဟာအသုံးမကျတဲ့လူသားပါ
မဖြစ်နိုင်မှန်း သိရက်နဲ့
ငါရှေ့ဆက်တိုးနေမိတာ
တစ်ခါတစ်လေ သတိရလို့ငါလွမ်းလာတိုင်း
အတူရိုက်ထားတဲ့ဓာတ်ပုံလေး
ထုတ်ကြည့်မိတိုင်း ငါမျက်ရည်ဝဲလို့
ငါလွမ်းမိနေပြန်တယ် နင်အဆင်ပြေရဲ့လား
နင်ပျော်နေမှာပါ
ငါမဟုတ်တဲ့ တစ်ခြားသူရင်ခွင်ထဲမှာ
အဆင်ပြေအောင်နေပါ
ငါလေလွမ်းတဲ့စိတ်ကြောင့်ကျတဲ့မျက်ရည်
သတိရလို့ငါရူးမတတ်ဖြစ်နေတဲ့ ရက်တွေဆက်နေလဲ
မေ့ပျောက်ဖို့ခက်နေခဲ့ပေမယ့် မင်းကိုငါ
ချစ်နေဆဲပါပဲမုန်းသွားလဲ အပြစ်မမြင်ခဲ့ပါကွယ်
ထာဝရငါပေးဆက်ပြီးတော့ချစ်လို့နေဆဲ
ငါဟာမင်းအတွက်မဖြစ်နိုင်လဲ
မဖြစ်နိုင်လဲ ယနေ့တိုင်မမေ့နိုင်ခဲ့
မင်းငါ့ကိုချစ်နိူင်မယ့် ရက်တွေကိုစောင်းငါရူး
မင်းကြောင့်နဲ့ငါ့အသဲတွေ ကွဲသွာလဲမင်းကိုငါ
အပြစ်တင်ကာ မမုန်းရက်ပါဘူး
ငါဟာမင်းအတွက်လိုသုံးလို့ သတ်မှတ်လိုက်ပါ
မုန်း နင်မုန်းလို့ဝပြီလားပြော
ငါ့ကိုထပ်မတွေ့ချင်လဲ ပြောပါ
အားမနာနဲ့ ငါထွက်သွားပေးမှာပေါ့
နင်သွား ချစ်တဲ့သူစီသာသွားပါ
ငါ့ဘက်လှည့်မကြည့်ပါနဲ့ဟာ
ငါအဆင်ပြေပါတယ်
တစ်ခါတစ်လေလွမ်းလို့ ငိုမိရုံလေးသာ
အဆင်ပြေအောင်နေနော်
ငါ့ဘက်လှည့်မကြည့်ပါနဲ့တော့
မင်းအတွက်အသုံးမလိုတော့တဲ့ငါ့ကို
နင်စွန့်ပစ်လိုက်ပါနော် သာယာပါစေနော်
မင်းလျှောက်မယ့်ဘဝခရီးလမ်းလေး
ဆူးခလုပ်ကင်းစွာ လျှောက်လှမ်းဖို့အတွက်ငါ
ဆုတောင်းပေးလိုက်တယ်နော်
တစ်ခါတစ်လေ သတိရလို့ငါလွမ်းလာတိုင်း
အတူရိုက်ထားတဲ့ဓာတ်ပုံလေး
ထုတ်ကြည့်မိတိုင်း ငါမျက်ရည်ဝဲလို့
ငါလွမ်းမိနေပြန်တယ် နင်အဆင်ပြေရဲ့လား
နင်ပျော်နေမှာပါ
ငါမဟုတ်တဲ့ တစ်ခြားသူရင်ခွင်ထဲမှာ
အဆင်ပြေအောင်နေပါ
မုန်း နင်မုန်းလို့ဝပြီလားပြော
ငါ့ကိုထပ်မတွေ့ချင်လဲ ပြောပါ
အားမနာနဲ့ ငါထွက်သွားပေးမှာပေါ့
နင်သွား ချစ်တဲ့သူစီသာသွားပါ
ငါ့ဘက်လှည့်မကြည့်ပါနဲ့ဟာ
ငါအဆင်ပြေပါတယ်
တစ်ခါတစ်လေလွမ်းလို့ ငိုမိရုံလေးသာ
မုန်း နင်မုန်းလို့ဝပြီလားပြော
ငါ့ကိုထပ်မတွေ့ချင်လဲ ပြောပါ
အားမနာနဲ့ ငါထွက်သွားပေးမှာပေါ့
နင်သွား ချစ်တဲ့သူစီသာသွားပါ
ငါ့ဘက်လှည့်မကြည့်ပါနဲ့ဟာ
ငါအဆင်ပြေပါတယ်
တစ်ခါတစ်လေလွမ်းလို့ ငိုမိရုံလေးသာ