နှင်းဆီမလေးချစ်ပုံပြင်
တေးရေး/ စန္ဒရားကွန်းဇော်
တေးဆို/ စိမ့်နေခြည်
=====================
ဘယ်အတွက်ရယ်များ
ဆူးတွေခြံရံထား
မလေးစံပယ်အား ပြောပါလား..
မမနှင်းဆီပန်းရယ်
မေးပါရစေလား..
လောကရဲ့ အချစ်ဝဲ သံသရာ
အလှအပစုဝေးရာ
ချစ်စွာသောကမ္ဘာ
ဘာရယ်ကြောင့်များ
သဘောထားအမှန်တရား
အညှာတွယ်မထောက်ထား
ပြောစမ်းပါလား..
ပွင့်နီဝါ အရောင်ဖွေး
ရမက်သွေးဖိုစရာ
လှလိုက်တာ လှလိုက်တာ
သို့သော်ငြား...
ဆူးခက်တွေမနီးမဝေး
ထွေးပိုက်လို့ထား
မမနှင်းဆီနီလေးအကျည်းတန်သွား
ဘယ်အတွက်ရယ်များ
ဆူးတွေခြံရံထား
မလေးစံပယ်အား ပြောပါလား..
မမနှင်းဆီပန်းရယ်
မေးလိုက်သောအခါ
ညီမငယ်ထွေးစံပယ်လေး
နုနုထွေးရယ်...
အလှလေးကြွယ်သော
ချစ်စရာ့ကမ္ဘာလေးမှာ
အကျည်းတန်သော
သဘောတွေ့မြင်လိမ့်မယ်
ဘဝင်သိမ့်သိမ့် ရင်ငြိမ့်ငြိမ့်
စိမ့်လေသော
စမ်းရေလေးစီးသည့်နှယ်
သာတဲ့အခါသာလိမ့်မယ်
ခြောက်သွေ့သောနွေလမ်းကိုလည်း
လျှောက်ရလိမ့်မယ်
အချစ်ရဲ့သည်သဘော
ဖြောင့်တန်းကွေ့ကောက်
သွေ့ခြောက်စိုပြေ
ငိုမပြေ ရယ်မပျက်
ဆန့်ကျင်ဘက်သည်သဘော
တွေ့ရလိမ့်အုံးမယ်
နှင်းဆီအနီအနက်
ဆူးခက်ဝေဆာ
အကျည်းတန်တာကြောင့်ကွယ်
အချစ်ရေးနယ်ပယ်
အသွယ်သွယ်သောအရေးမှ
မင်းထက်စာရင်
ကင်းဝေးပါသေးတယ်....
=====================
နန်းလေး(KLC)မှခံစားတင်ပြသည်။
=====================
ညီမငယ်ထွေးစံပယ်လေး
နုနုထွေးရယ်...
အလှလေးကြွယ်သော
ချစ်စရာ့ကမ္ဘာလေးမှာ
အကျည်းတန်သော
သဘောတွေ့မြင်လိမ့်မယ်
ဘဝင်သိမ့်သိမ့် ရင်ငြိမ့်ငြိမ့်
စိမ့်လေသော
စမ်းရေလေးစီးသည့်နှယ်
သာတဲ့အခါသာလိမ့်မယ်
ခြောက်သွေ့သောနွေလမ်းကိုလည်း
လျှောက်ရလိမ့်မယ်
အချစ်ရဲ့သည်သဘော
ဖြောင့်တန်းကွေ့ကောက်
သွေ့ခြောက်စိုပြေ
ငိုမပြေ ရယ်မပျက်
ဆန့်ကျင်ဘက်သည်သဘော
တွေ့ရလိမ့်အုံးမယ်
နှင်းဆီအနီအနက်
ဆူးခက်ဝေဆာ
အကျည်းတန်တာကြောင့်ကွယ်
အချစ်ရေးနယ်ပယ်
အသွယ်သွယ်သောအရေးမှ
မင်းထက်စာရင်
ကင်းဝေးပါသေးတယ်....
====================
အချစ်ဆိုသော အဖြေမရှိသည့်
ထိုအရာရယ်
အပေါ်ယံကြောမဖြစ်တဲ့
တော်မှန်သောအချစ်နဲ့
နှင်းဆီပန်းကို
နမ်းလာလှည့်ပါ
ဆူးခက်ကလေးတွေ
အဆိပ်ပြယ်စေရပါမယ်
====================
ကျေးဇူးတင်ပါတယ်ရှင်။