menu-iconlogo
huatong
huatong
avatar

သည်နွေမိုးဆောင်းပြောင်းသော်လည်း

အနိုင်huatong
💜𝕹𝖆𝖓𝖑𝖆𝖞💜💒🥇༺ᵏ𝐋𝕔༻🥇huatong
Liedtext
Aufnahmen
သည်နွေမိုးဆောင်းပြောင်းသော်လည်း

တေးဆို/ အနိုင်

======================

ရွက်ဝါကြွေလူး နွေမူး မူးဝယ်

ပုရစ်ဖူးဝေ၍ ဖူးငုံစီမျှ

ပွင့်သည့်လကို

မျှော်တလေသည့် ကိုယ့်အဖြစ်များ

မခေါ်သာ မျှော်ပါလေတိုင်း

စိတ်ရိုင်းတွေ ထင်လာသည်း...

သူ့ကိုပဲ သတိရခြင်းက

ရင်မှာ ကုဋေကုဋာ

ပြန်လည်တသ မေ့မရသည်သာကွယ်

ရွက်ဝါကြွေလူး နွေမူး မူးဝယ်

ပုရစ်ဖူးဝေ၍ ဖူးငုံစီမျှ

ပွင့်သည့်လကို

မျှော်တလေသည့် ကိုယ့်အဖြစ်များ

မခေါ်သာ မျှော်ပါလေတိုင်း

စိတ်ရိုင်းတွေ ထင်လာသည်း...

သူ့ကိုပဲ သတိရခြင်းက

ရင်မှာ ကုဋေကုဋာ

ပြန်လည်တသ မေ့မရသည်သာကွယ်

နှင်းသာမိုးနဲ့ နေကိုကွယ်၍သာ

စွေပါမစဲ မပျော်နိုင်ဘဲကွယ်

သီးခိုင်ပွင့်ငုံ ပန်းမျိုးစုံတို့

ပွင့်ကြပြီပဲ အသည်းနဲ့ကိုယ်ရယ်

ဘယ်အတွက်ကယ် မဆုံလေသလဲ

ကိုယ့်ရင်ထဲ......

တွေးပဲတွေးတတ်နိုင်ဘူးကွယ်...

ချမ်းဆောင်မြမြ

သောကာလဝယ်

နှင်းဖြူမှုန်ဖွေးဖွေး

သူ့မျက်နှာ တရေးရေး

မြင်ယောင်မိပါသေး

မြင်ယောင်မိပါသေး

အတွေးနဲ့လွင့်ပါး

နှင်းဆမ်းသော လမ်းဝယ်

မမောမပန်း....

လျှောက်လှမ်းခဲ့ကြသော်လည်း

နှင်းပန်းနဲ့အတူ ပျောက်ကွယ်ပြန်တယ်

သည်နွေ သည်မိုး သည်ဆောင်း..

ပြောင်းသော်လည်း

မမေ့ဘူး အချစ်ဦးရယ်....

====================

နန်းလေး(KLC)မှ ခံစားတင်ပြသည်။

====================

နှင်းသာမိုးနဲ့ နေကိုကွယ်၍သာ

စွေပါမစဲ မပျော်နိုင်ဘဲကွယ်

သီးခိုင်ပွင့်ငုံ ပန်းမျိုးစုံတို့

ပွင့်ကြပြီပဲ အသည်းနဲ့ကိုယ်ရယ်

ဘယ်အတွက်ကယ် မဆုံလေသလဲ

ကိုယ့်ရင်ထဲ......

တွေးပဲတွေးတတ်နိုင်ဘူးကွယ်...

ချမ်းဆောင်မြမြ

သောကာလဝယ်

နှင်းဖြူမှုန်ဖွေးဖွေး

သူ့မျက်နှာ တရေးရေး

မြင်ယောင်မိပါသေး

မြင်ယောင်မိပါသေး

အတွေးနဲ့လွင့်ပါး

နှင်းဆမ်းသော လမ်းဝယ်

မမောမပန်း....

လျှောက်လှမ်းခဲ့ကြသော်လည်း

နှင်းပန်းနဲ့အတူ ပျောက်ကွယ်ပြန်တယ်

သည်နွေ သည်မိုး သည်ဆောင်း..

ပြောင်းသော်လည်း

မမေ့ဘူး အချစ်ဦးရယ်....

====================

ကျေးဇူးတင်ပါတယ်ရှင်...

Mehr von အနိုင်

Alle sehenlogo