ထားသွားတာသိနေလို့
ရေး..ရာဇဝင်
ဆို..စိမ့်နေခြည်
ကဗျာတွေရေးလို့
မလွမ်းချင်တော့ဘူး
စာလွှာလေးလည်း
မပါးချင်တော့ဘူးလေ
ထားသွားတာသိနေပြီမို့လည်း...
ပြန်လာပါဦးလို့သူ့ထံ
အယူခံမဝင်တော့ဘူးလေ
မမေ့နိုင်ပေမယ့်လည်းလေ
ထားသွားတာသိနေပြီပဲလေ
ကဗျာတွေရေးလို့
မလွမ်းချင်တော့ဘူး
စာလွှာလေးလည်း
မပါးချင်တော့ဘူးလေ
ထားသွားတာသိနေပြီမို့လည်း...
ပြန်လာပါဦးလို့သူ့ထံ
အယူခံမဝင်တော့ဘူးလေ
မမေ့နိုင်ပေမယ့်လည်းလေ
ထားသွားတာသိနေပြီပဲလေ
နောက်ဆုံးအချစ်ပါမောင်ရယ်
ပျောက်ဆုံးသွားမှာ
တစ်ကယ်စိုးရွံ့လို့ငို....
ဟန်ဆောင်ညာလေးချစ်ကာ
ချစ်မိသူသာအပြစ်ရှိယုံသာ
ရှောင်ဖယ်ရက်စက်
နှောင်ကြိုးဖျက်လို့ပစ်သွားရက်သူကို
ရင်ခုန်ခြင်းတော့
အပြစ်မဖြစ်တော့ဘူး
ကြင်နာဖူးသမျှ
မတမ်းတော့ဘူးလေ....
ထားသွားတာအပြစ်
မမြင်ချင်တာလည်း
ယုံကြည်စွာပေးအပ်ဖူးသူ
မောင်သာအချစ်ဦးမို့လေ
မကန့်ကွက်ချင်ပါဘူးလေ
အချစ်သစ်နဲ့မင်းပျော်ပါတော့လေ
ကဗျာတွေရေးလို့
မလွမ်းချင်တော့ဘူး
စာလွှာလေးလည်း
မပါးချင်တော့ဘူးလေ
ထားသွားတာသိနေပြီမို့လည်း...
ပြန်လာပါဦးလို့သူ့ထံ
အယူခံမဝင်တော့ဘူးလေ
မမေ့နိုင်ပေမယ့်လည်းလေ
ထားသွားတာသိနေပြီပဲလေ
နောက်ဆုံးအချစ်ပါမောင်ရယ်
ပျောက်ဆုံးသွားမှာ
တစ်ကယ်စိုးရွံ့လို့ငို....
ဟန်ဆောင်ညာလေးချစ်ကာ
ချစ်မိသူသာအပြစ်ရှိယုံသာ
ရှောင်ဖယ်ရက်စက်
နှောင်ကြိုးဖျက်လို့ပစ်သွားရက်သူကို
ရင်ခုန်ခြင်းတော့
အပြစ်မဖြစ်တော့ဘူး
ကြင်နာဖူးသမျှ
မတမ်းတော့ဘူးလေ....
ထားသွားတာအပြစ်
မမြင်ချင်တာလည်း
ယုံကြည်စွာပေးအပ်ဖူးသူ
မောင်သာအချစ်ဦးမို့လေ
မကန့်ကွက်ချင်ပါဘူးလေ
အချစ်သစ်နဲ့မင်းပျော်ပါတော့လေ
ကျေးဇူးတင်ပါတယ်...ငြိမ်း...