နှင်းပျောက်တဲ့နွေ
ရေး - ကိုသက်ဦး
ဆို - ကိုသက်ဦး၊ လွှမ်းမိုး၊ ရာမ
နှင်း… ငွေရောင်ဖြူလွ
တူစွသဏ္ဍာန်ပေ
ငွေရည် ပုလဲနုတို့
စုကာဖျန်းတော့
လန်းဆန်းစိုပြည်
နှင်းတွေဝေ..ကျ
ဆောင်း..ဟေမန္တ
ပြောင်း…နှောင်းပြန်ပေါ့လေ
ဟောင်းရွက်ကြွေ မြေမှာ..ခ
ကြွေကာ..ကျတဲ့
အခါသမယမှာပဲလေ
ဪ.. နွေဦးရောက်ပြီ
နှင်းလည်းပျောက်ပြီလေ
နှင်း… ငွေရောင်ဖြူလွ
တူစွသဏ္ဍာန်ပေ
ငွေရည် ပုလဲနုတို့
စုကာဖျန်းတော့
လန်းဆန်းစိုပြည်
နှင်းတွေဝေ..ကျ
ဆောင်း..ဟေမန္တ
ပြောင်း…နှောင်းပြန်ပေါ့လေ
ဟောင်းရွက်ကြွေ မြေမှာ..ခ
ကြွေကာ..ကျတဲ့
အခါသမယမှာဘဲလေ
ဪ.. နွေဦးရောက်ပြီ
နှင်းလည်းပျောက်ပြီလေ
နှင်းမှုန်ရီ ပုလဲ
ငွေဥသဏ္ဍာန်တွေ
မောင့်ရင်ထဲ
စွဲလန်းမျှော်မှန်း
ရမ်းရော်နေဆဲမှာပဲ
ရာသီချိန်နှောင်း
ညောင်းခဲ့ပေါ့လေ
လေရူးဆော်ကာ
နှောက်ချေတော့
ပျောက်လေပေါ့
နှင်းရေ နှင်းရေ
နှစ်ကိုယ်တူ
ကြည်ဖြူမယ်လေ
ရည်ရွယ်စိတ်ထဲ
ကြိတ်ခဲလို့ပဲလေ
ကြိတ်ခဲလို့ပဲလေ
ဘယ်ဝယ် ဘယ်လမ်းကိုဖြင့်
မြန်းသလေ လွမ်းမပြေ
တမ်းတမျှော်ရင်း
နှင်း. နှင်းပျောက်တဲ့နွေ
ချစ်တဲ့သူနှင်းရေ
ရင်တွင်းမချိအောင်လေ
စွဲရစ်နှောင် ဖွဲ့ပါလို့
မျှော်လေတဲ့ လွမ်းဘွဲ့ကိုစေ
ရည်တူ မျှတ
ဪ. ကြည်ဖြူရမှ
နှင်းက မပေါ်လာ..တော့ပေ
ချစ်တဲ့သူနှင်းရေ
ရင်တွင်းမချိအောင်လေ
စွဲရစ်နှောင် ဖွဲ့ပါ..လို့
မျှော်လေတဲ့ လွမ်းဘွဲ့ကိုစေ
ရည်တူ မျှတ
ဪ. ကြည်ဖြူရမှ
နှင်းက မပေါ်လာ..တော့ပေ
ဟင်.. တကယ်တမ်း
စမ်းစစ်တော့
မြူနှင်းလေလား
ဆောင်းနှင်းလေလား
စိတ်မှာထွေပြား မခွဲခြားနိုင်ခဲ့
ကြင်ဖော်မဲ့ ကင်းတယ်လေ
နှင်း.. နှင်းပျောက်တဲ့
နွေဦး..ရောက်ပြီ.လေ..။
ပြီးပါပြီ
MinKhent