ကောင်းကင်မေမေ
ဆို ကေကေတီ
ကလေးတစ်ယောက်ရဲ့ကောင်းကင်ရယ်
ကျန်ရစ်ခဲ့စေကွယ်
အေးချမ်းမှုတို့ လွှမ်းခြုံတယ်
မမေ့တော့ဘူး
အဝေးဆုံး ဝေးခရီးများ
အချိန်များဖြတ် ရှေ့ဆက်တက်ခါ
ကလေးလေးတစ်ယောက်
ကြီးပြင်းခဲ့ပြီ
မေမေရယ်
ကြမ်းတမ်းမှုတို့ ဆီးကြိုတယ်
ခါးသီးမှုတွေရယ်
အရှုံးမပေးနဲ့ အမေ့ရဲ့သား
အားပေးတယ်
အားပေးလိုက်တဲ့မိခင်
သွေးများထဲသို့စီးဝင်
အောင်ပွဲများလည်း
ရရှိမယ်
မေမေရယ်
မေမေရဲ့သားနိုင်တယ်
မေမေရယ်ရင်ဆိုင်ပွဲတိုင်း
ဟူးးး
မေမေရဲ့သားနိုင်တယ်
အန္တရာယ်တွေ ရင်ဆိုင်နွှဲတိုင်း
မေမေ့ရဲ့အားမာန်တွေ
သားလေးရဲ့သွေးထဲကို စီးဝင်
အရှုံးပွဲနဲ့တွေ့ဖို့ရာ အကြောင်းမမြင်
အင်းးး အောင်ပွဲဆင်
တံလျှပ်နေ့ရက် လမ်းတွေအလယ်
ဘဝအဓိပ္ပါယ်ရယ်
စမ်းသပ်လို့ ရပါ့မလား
သီချင်းများက ဖေးကူတယ်
ကြမ်းတမ်းတဲ့ ရိုက်ချက်များ
နှလုံးသားထဲ အမှတ်တရ အားအင်ထား
အောင်ပွဲများလည်း ရရှိမယ်
မေမေရယ်
မေမေရဲ့သားနိုင်တယ်
မေမေရယ် ရင်ဆိုင်ပွဲတိုင်း ဟူးးး
မေမေ့ရဲ့သားနိုင်တယ်
အန္တရာယ်တွေ ရင်ဆိုင်နွှဲတိုင်း
မေမေ့ရဲ့အားမာန်တွေ
သားလေးရဲ့သွေးထဲကို စီးဝင်
အရှုံးပွဲနဲ့တွေ့ဖို့ရာ အကြောင်းမမြင်
အားလုံး အောင်ပွဲဆင်...
မေမေရဲ့သားနိုင်တယ်
မေမေရယ် ရင်ဆိုင်ပွဲတိုင်း ဟူးးး
မေမေရဲ့သားနိုင်တယ်
အန္တရာယ်တွေရင်ဆိုင်နွှဲတိုင်း
မေမေ့ရဲ့အားမာန်တွေ
သားလေးရဲ့သွေးထဲကို စီးဝင်
အရှုံးပွဲနဲ့တွေ့ဖို့ရာ အကြောင်းမမြင်
အားလုံး အောင်ပွဲဆင်