ရွှေမြိုင်မှာပင်နေတော့မယ်
ရေး..မြန်မာပြည်သိန်းတန်
ဆို..ကေကေတီ
(စကားပြော)
..Go...
သာယာလှတဲ့ ..
နွေရဲ့ရက်ကလေးများမှာ..
မြစ်သံလွင်ကိုဖြတ်ရင် ...
ရွှေမြိုင်ဘက်ကို ကျွန်တော်ကအလာ...
လေချိုနုအေးနဲ့အတူ...
ကျွန်တော့ကိုဆီးးလို့
ကြိုလာသူလေးတယောက်...
ရှိခဲ့ပါတယ်...
ချစ်သူတို့ဘဝလေးများရဲ့
ပျော်ရွင်စရာနေ့ရက်ကလေးများနဲ့အတူ..
ဘယ်ခါမှမမေ့နိုင်တော့တဲ့..
သူကလေးတယောက်အတွက်
ဒီသီချင်းလေးတပုဒ်
ဖြစ်ပေါ်လာခဲ့ပါတယ်
....Intro....
...Go...
မြစ်သံလွင်ကို ဖြတ်လာခိုက်ဝယ်
လေချိုနုအေးးသွေးလာတယ်
ဆီးလို့ ကြိုလာသူကလေးရယ်
ခွန်းဆင့်ကာ ဖော်ရွေစကားတွေကြွယ်
အပြုံးလေးများ လေမှာလည်း ဝဲပျံတယ်
ကိုယ့်နှလုံးသားမယ်
ဆယ်ကမ္ဘာဘယ်အခါ တကယ်မမေ့တယ်
.......go
မုဒုံ ကန်တော်ကြီးမှာလျှောက်လည်
နှစ်ကိုယ်တူကျိုက်မရော ရောက်အောင်ကွယ်
လိုက်ပို့နိုင်ရှာသူလေးရယ်
မောရမှာ သူတကယ်မသိတယ်
စကားလေးများ သူဖောင်ဖွဲ့ ပြောကာရယ်
အကြည့်ချင်းလဲ ဆုံ
ရင်ခုန်တာတွေကိုယ်နားလည်..
အတွေးများနှစ်ဦးသားရဲ့စိတ်ဝယ်
ဝိုးတဝါး အသည်းစကားပဲ ဖြစ်မယ်
အတွေးများ နှစ်ဦးသားရဲ့စိတ်ဝယ်
ဝိုးတဝါး အသည်းစကားပဲ ဖြစ်မယ်
အကြင်နာတွေရယ် အစဉ်ပိုပါမယ်
မခွဲမခွာအမြဲသာ မောရဝယ်
ကျိုက်သံလန်မှာသက်သေပြုမယ်
ဘယ်လိုဘဝမျိုးရောက်စေကွယ်
မေ့မရပြီ သံလွင်အလှရယ်
ကမ်းကျိုက္ခမီသောင်ယံဦးဝယ်
ခရုကောက်လို့လည်မှာလည်း အလှဆင်ခြယ်
ကိုယ်လွမ်း သမျှရယ်
ဒီတခါလာရင် မပြန်ဘူးကွယ်
Solo..music
....Go
အတွေးများနှစ်ဦးသားရဲ့စိတ်ဝယ်
ဝိုးတဝါးအသည်းစကားပဲ ဖြစ်မယ်
အတွေးများ နှစ်ဦးသားရဲ့စိတ်ဝယ်
ဝိုးတဝါး အသည်းစကားပဲ ဖြစ်မယ်
အကြင်နာတွေရယ် အစဉ်ပိုပါမယ်
မခွဲမခွာ အမြဲသာ မောရဝယ်
ကျိုက်သံလန်မှာသက်သေပြုမယ်
ဘယ်လိုဘဝမျိုးရောက်စေကွယ်
မေ့မရပြီသံလွင် အလှရယ်
ကမ်းးကျိုက္ခမီသောင်ယံဦးဝယ်
ခရုကောက်လို့လည်မှာလည်း အလှဆင်ခြယ်
ကိုယ် လွမ်း သမျှရယ်
ဒီတခါလာရင် မပြန်ဘူးကွယ်
ရွှေမြိုင်မှာပင် နေတော့မယ်
MinKhent