ပန်းသခင်နှင့်နန်းရင်ပြင်
******************
*****************
ကျွန်မက ပန်းတို့ရဲ့သခင်
ယုယအနမ်းတို့ခုံမင်
အလှတွေ ဂုဏ်ပြိုင်ယစ်မူး
မာနကိုလည်း အလံထူ
ပကာသနတွေနဲ့ ကြီးပြင်းခဲ့သူ
ခုနှစ်ဆောင် ဘုံနန်းထက်မှာ
ပျော်စံကာ နေခဲ့တဲ့သူ
ခြေတစ်လှမ်း ပန်းတစ်ပွင့်ပွင့်ကာ
လိုချင်တာ တလိုက်ရတဲ့သူ
********
ကျွန်မက ပန်းတို့ရဲ့သခင်
ယုယအနမ်းတို့ခုံမင်
အလှတွေ ဂုဏ်ပြိုင်ယစ်မူး
မာနကိုလည်း အလံထူ
ပကာသနတွေနဲ့ ကြီးပြင်းခဲ့သူ
ခုနှစ်ဆောင် ဘုံနန်းထက်မှာ
ပျော်စံကာ နေခဲ့တဲ့သူ
ခြေတစ်လှမ်း ပန်းတစ်ပွင့်ပွင့်ကာ
လိုချင်တာ တလိုက်ရတဲ့သူ
********
အလွမ်းဆိုတာ ဘာမှန်းမသိပါ
အချစ်ဆိုတာ ဘာမှန်းမသိပါ
နှလုံးသားရဲ့ ဘာသာရပ်များ
ဘာမှကို နားမလည်သူပါ
*******
အလွမ်းဆိုတာ ဘာမှန်းမသိပါ
အချစ်ဆိုတာ ဘာမှန်းမသိပါ
နှလုံးသားရဲ့ ဘာသာရပ်များ
ဘာမှကို နားမလည်သူပါ
*******
အစက မသိတာ ယုံပါ
ရင်ခွင်အခန်းလေးထဲ
ခင်ဗျားရောက်လာချိန်မှာ
မာနတွေလည်ပျောက်ကာ
ပကာသနတွေလည်း မသိတော့ပါ
ကျွန်မ မျက်ဝန်းထဲမှာ မိုးတွေရွာ.....
******
အလွမ်းဆိုတာ ဒါလား
အချစ်ဆိုတာ ဒါလား
တမ်းတလို့ ရင်ခွင်နန်းမှာ
နွမ်းလျလို့ ပူလိုက်တာ
ခင်ဗျားရှေ့မှာ ဒူးထောက်လို့သာ
အရာရာရှုံးထား ကျွန်မဘဝကိုပြန်ပေးပါ
မကြင်နာလို့ ခင်ဗျားမုန်းသွားတာ
ရင်အနာဆုံးပဲ ဘဝမှာ
**********
***********
ကျွန်မက ပန်းတို့ရဲ့သခင်
ယုယအနမ်းတို့ခုံမင်
အလှတွေ ဂုဏ်ပြိုင်ယစ်မူး
မာနကိုလည်း အလံထူ
ပကာသနတွေနဲ့ ကြီးပြင်းခဲ့သူ
ခုနှစ်ဆောင် ဘုံနန်းထက်မှာ
ပျော်စံကာ နေခဲ့တဲ့သူ
ခြေတစ်လှမ်း ပန်းတစ်ပွင့်ပွင့်ကာ
လိုချင်တာ တလိုက်ရတဲ့သူ
အလွမ်းဆိုတာ ဘာမှန်းမသိပါ
အချစ်ဆိုတာ ဘာမှန်းမသိပါ
နှလုံးသားရဲ့ ဘာသာရပ်များ
ဘာမှကို နားမလည်သူပါ
*******
အလွမ်းဆိုတာ ဘာမှန်းမသိပါ
အချစ်ဆိုတာ ဘာမှန်းမသိပါ
နှလုံးသားရဲ့ ဘာသာရပ်များ
ဘာမှကို နားမလည်သူပါ
*******
အစက မသိတာ ယုံပါ
ရင်ခွင်အခန်းလေးထဲ
ခင်ဗျားရောက်လာချိန်မှာ
မာနတွေလည်ပျောက်ကာ
ပကာသနတွေလည်း မသိတော့ပါ
ကျွန်မ မျက်ဝန်းထဲမှာ မိုးတွေရွာ.....
******
အလွမ်းဆိုတာ ဒါလား
အချစ်ဆိုတာ ဒါလား
တမ်းတလို့ ရင်ခွင်နန်းမှာ
နွမ်းလျလို့ ပူလိုက်တာ
ခင်ဗျားရှေ့မှာ ဒူးထောက်လို့သာ
အရာရာရှုံးထား ကျွန်မဘဝကိုပြန်ပေးပါ
မကြင်နာလို့ ခင်ဗျားမုန်းသွားတာ
ရင်အနာဆုံးပဲ ဘဝမှာ...
********