ရွှေမန်းဆီသို့
ရေး ဦးဘသိန်း
ဆို ? ခင်ပိုးပန်းချီ
ရွှေမန်း ဆီ..သို့
တခါတခေါက်ဖြင့်ရောက်စေချင်သည်
ကျုံးတော်ပတ်လည်မြမြို့ရိုး
ပြအိုးပစ္စင် ကာရံကာအတည်
မြန်မာစံဌာနီသာယာပါပေ့သည်
ရေရိပ်ရေအောက်ဆီ
နေခြည်ဟပ်ကာ အလွန်ပဏာရလှသည်
MUSIC
____P
ရွှေမန်း ဆီ..သို့
တခါတခေါက်ဖြင့်ရောက်စေချင်သည်
ကျုံးတော်ပတ်လည် မြမြို့ရိုး
ပြအိုးပစ္စင် ကာရံကာအတည်
မြန်မာစံဌာနီ သာယာပါပေ့သည်
ရေရိပ်ရေအောက်ဆီ
နေခြည်ဟပ်ကာ အလွန်ပဏာရလှသည်
ရှု့ဖွယ်စုံညီ ရွှေနန်းတော်အရှေ့ဆီ
မြရည်ညိုညို တောင်တန်းတွေကမှုံရီ
ငါးရံ့မင်းစေတီ တောင်တော်ထူး
အောင်ပင်လယ် ယာပြည့်ဦးက
ဖူးနိုင်ပါသည်
အထူးပဲ အစဥ်ဖိတ်ခေါ်ပါသည်
MUSIC
____P
ရှု့ဖွယ်စုံညီ ရွှေနန်းတော်အရှေ့ဆီ
မြရည်ညိုညို တောင်တန်းတွေကမှုံရီ
ငါးရံ့မင်းစေတီ တောင်တော်ထူး
အောင်ပင်လယ် ယာပြည့်ဦးက
ဖူးနိုင်ပါသည်
အထူးပဲ အစဥ်ဖိတ်ခေါ်ပါသည်
ဟိုမှသည်အရောက်သွားစို့
မန္တလေးတောင်တော်ဆီ တထောက်နားမည်
မြင်ကွင်းကျယ်ကျယ်ပတ်ဝန်းကျင်ဝယ်
မှန်းလို့ရှုရမည်
ဟိုမှသည်အရောက်သွားစို့
မန္တလေးတောင်တော်ဆီ တထောက်နားမည်
မြင်ကွင်းကျယ်ကျယ်ပတ်ဝန်းကျင်ဝယ်
မှန်းလို့ရှုရမည်
မှုံရည်မှေး ဟိုးအဝေးကစေတီ
သခင်မတောင်တော်မဟီရှင့်
အနောက်မြောက်ယွန်းတော့
မင်းကွန်းထိုစေတီ ဖူးတွေ့ရမည်
ဧရာဝတီမြစ်ကြောင်းဆက်ကာ
အနောက်ဘက်မှာ ရှုကြည့်ပါ
ပုထိုးစေတီထူး ဦးချီ စစ်ကိုင်းမင်းဝံဆီ
စစ်ကိုင်းတောင်တော်အဆုံးမည်
ဇေယျာရွှေပြည် ညှို့မှိုင်းလျက်တည်
သည်မှာဘက်ကမ်း
ကြက်ညီနောင်စံမြန်းတဲ့စေတီ
မြူခြေတွေထဲ မသဲကွဲဖူးတွေ့နိုင်သည်
ဒါတွေစုံပါပြီ မြို့တွင်းကိုလှည့်လည်
ဝေယံဘုံ ပမာနန်းဆောင်တမျှ
သိင်္ဂါရွှေရောင် ထိန်ဝါဝေပြောင်
အလျံကိုဆောင်
မြို့တော်အဖျားဆီ မှန်းရည်
မဟာမြတ်မုနိ ကိုယ်တော်စံရာကိုပင်
ဖူးတွေ့နိုင်ပါသည်