menu-iconlogo
huatong
huatong
avatar

ပိတောက်လက်ဆောင် စည်သူလွင်

စည်သူလွင် Si Thu Lwinhuatong
sanddylove001huatong
Lyrics
Recordings
ပိတောက်လက်ဆောင်

တေးဆို စည်သူလွင်

အတာကူးတဲ့ တန်ခူးလအချိန်အခါ

နှစ်ဦးသင်္ကြန်မဟာ

သူကလေးနဲ့တွေ့ရပုံမှာ မေ့လည်းမမေ့နိုင်ပါ

ဒီနှစ်တွင်လည်းကြုံရမှာပဲ

တမ်းတတယ်ဒီအချိန်ခါ

ပိတောက်ပန်းပွင့်တိုင်း သတိရနေသူပါ

လာပြီလေမပျက်တမ်း

ပိတောက်ပန်းပွင့်တွေခူးလို့သာ

ပျိုပျိုမေလက်ကမ်း လှမ်းလို့ယူစမ်းပါ

မာပါစေမသွေတမ်း

ရေချမ်းအေးတွေဖျန်းလိုက်မှာ

ချမ်းခိုက်ခိုက်တုန်ယင်

အမျက်တော်မဝင်နဲ့ဗျာ

တောင်းပန်ချင်တာ

ဝင်းဝင်းဖန့်ဖန့် သူ့မျက်နှာ

ရှင်းရှင်းသန့်သန့် လှရဲ့ဗျာ

ရှင်းရှင်းသန့်သန့် လှရဲ့ဗျာ

ဝင်းဝင်းဖန့်ဖန့် သူ့မျက်နှာ

သူ့မျက်နှာရေစင်ဖျန်းတော့

နှုတ်ခမ်းလေးစူကာ

မငြူစူစမ်းနဲ့ လှပျိုဖြူရာ

သိကြားမင်းသာသိသွားရင်

ဪမှတ်ချက်ယူသွားမှာ

သတိထားပါ

ပြုံးတော်မူပါရွှေမျက်နှာ

မုန်းတော်မူရင် ကျေခဲ့ပါ

ပိတောက်ဝေဆာရွှေရည်လူးကာ

လက်ဆောင်ယူပါ ဒီနှစ်ကူးမှာ

အပြုံးချင်းပြိုင်လို့လန်းဆန်းကြပါ

ထူးမြတ်တဲ့ ဒီအချိန်ခါ

မင်္ဂလာယူစမ်း ပါခင်ဗျာ

နောင်နှစ်ခါသင်္ကြန်ကျရင် ဝင်းပပမျက်နှာ

ရွှေမေတ္တာ ပိုမိုထားလို့ စောင့်စားတော်မူပါ

ပိတောက်ပန်းတွေ ဝါရည်လူးလူး

ခူးခဲ့မယ်ပန်စရာ

နှစ်သစ်မှာ ကြည်ကြည်နူးနူး

ကျန်းမာချမ်းသာ ဝမ်းသာစေကြောင်းပါ

အတာကူးတဲ့ တန်ခူးလအချိန်အခါ

နှစ်ဦးသင်္ကြန်မဟာ

သူကလေးနဲ့တွေ့ရပုံမှာ

မေ့လည်းမမေ့နိုင်ပါ

ဒီနှစ်တွင်လည်းကြုံရမှာပဲ

တမ်းတတယ် ဒီအချိန်ခါ

ပိတောက်ပန်းပွင့်တိုင်း သတိရနေသူပါ

လာပြီလေမပျက်တမ်း

ပိတောက်ပန်းပွင့်တွေခူးလို့သာ

ပျိုပျိုမေလက်ကမ်း လှမ်းလို့ယူစမ်းပါ

မာပါစေမသွေတမ်း

ရေချမ်းအေးတွေဖျန်းလိုက်မှာ

ချမ်းခိုက်ခိုက်တုန်ယင်

အမျက်တော်မဝင်နဲ့ဗျာ

တောင်းပန်ချင်တာ

ဝင်းဝင်းဖန့်ဖန့် သူ့မျက်နှာ

ရှင်းရှင်းသန့် သန့် လှရဲ့ဗျာ

ရှင်းရှင်းသန့် သန့် လှရဲ့ဗျာ

ဝင်းဝင်းဖန့်ဖန့် သူ့မျက်နှာ

သူ့မျက်နှာရေစင်ဖျန်းတော့

နှုတ်ခမ်းလေးစူကာ

မငြူစူစမ်းနဲ့ လှပျိုဖြူရာ

သိကြားမင်းသာသိသွားရင်

ဪမှတ်ချက်ယူသွားမှာ

သတိထားပါ

ပြုံးတော်မူပါရွှေမျက်နှာ

မုန်းတော်မူရင် ကျေခဲ့ပါ

ပိတောက်ဝေဆာရွှေရည်လူးကာ

လက်ဆောင်ယူပါ ဒီနှစ်ကူးမှာ

အပြုံးချင်းပြိုင်လို့လန်းဆန်းကြပါ

ထူးမြတ်တဲ့ ဒီအချိန်ခါ

မင်္ဂလာယူစမ်း ပါခင်ဗျာ

နောင်နှစ်ခါသင်္ကြန်ကျရင်

ဝင်းပပမျက်နှာ

ရွှေမေတ္တာ ပိုမိုထားလို့စောင့်စားတော်မူပါ

ပိတောက်ပန်းတွေ ဝါရည်လူးလူး

ခူးခဲ့မယ်ပန်စရာ

နှစ်သစ်မှာကြည်ကြည် နူးနူး

ကျန်းမာ ချမ်းသာ ဝမ်းသာ စေကြောင်းပါ

More From စည်သူလွင် Si Thu Lwin

See alllogo