menu-iconlogo
huatong
huatong
avatar

မျက်ဝန်း

စည်သူလွင် Si Thu Lwinhuatong
premy6huatong
Lyrics
Recordings
ကိုယ်တွေ့နေပါတယ် မင်းမျက်ဝန်းရဲ့အလှနဲ့

စူးရှတောက်ပမှုနဲ့ ဘယ်လိုမေ့လို့ရမှာလဲ

ရှောင်လွှဲမယ်ကြံလည်းအိပ်မက်မက်လိုက်တိုင်း

အခါခါမြင်ယောင်နေတယ်

ဒါဟာအချစ်ကြောင့်ပဲထင်တယ်

နာရီတိုင်းတွေ့ချင်တယ် ကိုယ်မင်းကိုပဲ

အလိုချင်ဆုံးလို့ ကြင်နာသူရဲ့မျက်ဝန်းများ

နာကျင်ခြင်းနဲ့ အမုန်းလေးတွေမလိုချင်ဘူး

ကြင်နာသွားဖို့မင်းလေးနဲ့

ကိုယ်မင်းနဲ့မလွဲချင်ဘူး

ကိုယ့်ရင်ထဲ မျက်ဝန်းလေးများ

ကိုယ်ဘယ်လောက်သိပ်ချစ်မိသွားလဲ

ရင်ခွဲပြီး မင်းကြည့်ပါလား

ဒီရင်ထဲ မျက်ဝန်းလေးပဲ

အချစ်ရင်မဆိုင်နိုင်တော့ဘူး

ဒီရင်ထဲမင်းမျက်ဝန်းလေး

အချစ်ဆုံးရယ်ယူ ကိုယ့်ဘဝတစ်ခုလုံး

တို့ဘက်ကမပြောင်းဘူး

သူရယ်နှုတ်ဆက်မသွားပါနဲ့

ရပ်မသွားတဲ့ ကိုယ့်အချစ်

မင်းနဲ့တောင်းဆုရှိခဲ့လို့

ရင်ခွင်အားလုံးမင်း စိုးမိုးနေသူ

ကိုယ့်ရင်ထဲ မျက်ဝန်းလေးများ

ကိုယ်ဘယ်လောက်သိပ်ချစ်မိသွားလဲ

ရင်ခွဲပြီး မင်းကြည့်ပါလား

ဒီရင်ထဲ မျက်ဝန်းလေးပဲ

အချစ်ရင်မဆိုင်နိုင်တော့ဘူး

ဒီရင်ထဲ မင်းမျက်ဝန်းလေး

ဟူး ဟူ ဟူ ဒီရင်ထဲ မင်းကြည့်ညှို့အား

ကိုယ်ဘယ်လောက်သိပ်ချစ်မိသွားလဲ

ရင်ခွဲပြီး မင်းကြည့်ပါလား

ဒီရင်ထဲ ဒီမျက်ဝန်းလေး

ရင်ဆိုင်ရင်းနဲ့ ကိုယ့်စိတ်ကူးများ

အရင်အတိုင်းမင်းအတွက်ရှိမှာပါ

ဒီရင်ထဲ မျက်ဝန်းလေးပဲ

အချစ်ရင်မဆိုင်နိုင်တော့ဘူး

ဒီရင်ထဲ မင်းမျက်ဝန်းလေး

ဒီရင်ထဲ မင်းအကြည့်တွေရယ်…

END

Thanks So Much

Brown Ming Nyo

More From စည်သူလွင် Si Thu Lwin

See alllogo

You May Like