သီချင်း-လရိပ်ချို
တေးဆို-စိုင်းစိုင်းခမ်းလှိုင်, ကြိုးကြာ
(လူတိုင်းမှာအမှတ်တရတစ်ခုစီတော့
ရှိတတ်ကြတာပဲ ဒီတော့ကျွန်တော့မှာလဲရှိပါတယ်
ဒီသီချင်းကကျွန်တော့ဘဝမှာအရေးပါဆုံး
မိန်းကလေးတစ်ယောက်အတွက်
ဘယ်လောက်ထိမျော်လင့်ခဲ့လဲဆိုတာ ကိုယ့်ကိုယ်ကို
နောက်ဆုံးတော့လည်း)
သူစိမ်းလိုလည်းမနေချင်ဘူး
ဒါပေမဲ့ ချစ်သူငါမဟုတ်ဘူး အဝေးမှာလဲ
မနေလိုဘူး ဒါပေမဲ့မင်းနဲ့ငါမနီးဘူး
သူငယ်ချင်းလေးတစ်ယောက်လိုနေဖို့
လွယ်လွယ်လေးနဲ့ဖြတ်ခဲ့လို့
ရေအိုင်ထဲကလရိပ်ချို
နင်ကငါ့ဘဝပါပဲ နင်ကငါ့အချစ်ပါပဲ
နင်ကငါ့ကိုမေးခဲ့ဘူးတယ် အချစ်ကဘာလဲ
အဲ့ဒါပေးဆပ်မှု ငါ့ဘက်ကမှတ်ယူ
ငါထင်နေခဲ့တာက နင်ရဲ့စိတ်နဲ့ထပ်တူ
မသိခဲ့ဘူးနင်ပြောင်းလဲတတ်မှန်း
ငါတကယ်ကိုယုံကြည်ခဲ့ အချစ်ရဲ့ မျက်ကန်း
ငါလိုချင်တယ်နင်ရဲ့အချစ်က ရေအိုင်ထဲကလရိပ်
မျက်စိကိုစုံမှိတ် တွယ်တာနေတဲ့ငါ့စိတ်
ငါပြောတဲ့စကား အဲ့ဒါအမှန်တွေပဲပေါ့
ရင်ခုန်သံစခဲ့ကြတာ သင်္ကြန်ရေထဲမျော
နင်ပြောတာက ငါရူးနေတာတဲ့
တကယ်ဆိုငါ ကျိန်စာတွေစူးနေတာပဲ
ခဏတာအတွက် စိတ်ကစားခဲ့တာမဟုတ်
နင်ကစားချင်ကစားပါ ငါနင့်ရဲ့အရုပ်
အခုတော့အဝေး နင်ကထွက်ခွာပြေးတော့
မျှော်ကာမော်ကာဖူးချင်တယ် နင့်မျက်နှာလေးပေါ့
လွမ်းလွန်လွန်းလို့ ဆွေးလွန်လွန်းလို့ ငါ့ရင်ထဲက
ချစ်လွန်လွန်းလို့ ဘဝကကြမ်းပေမဲ့
အချစ်ကိုနမ်းချင်ခဲ့ အရာတိုင်းဟာနင့်အတွက်
ငါအရမ်းနင့်ကိုလွမ်းနေတယ်
လွမ်းလွန်လွန်းလို့ ဆွေးလွန်လွန်းလို့
ငါ့ရင်ထဲက ချစ်လွန်လွန်းလို့ ဘဝကကြမ်းပေမဲ့
အချစ်ကိုနမ်းချင်ခဲ့ အရာတိုင်းဟာနင့်အတွက်
ငါအရမ်းနင့်ကိုလွမ်းနေတယ်
အလျော့ပေးလွန်းတာများတော့ ငါ့အပေါ်ဆိုးတယ်
အေးဆေးလွန်းတော့ နင်ပျင်းတယ် ရိုးတယ်
အလိုလိုက်တော့အကျင့်ပါတယ်
ငါ့မှာတော့စုတ်ပြတ်သတ် မင်းဘက်ကလူတွေ
ငါ့ကိုဝိုင်းလို့ပုတ်ခတ် ခံရတာသိပ်အောင့်တယ်
ငါ့ကိုငါပဲစိတ်တို ငါဟာ့ငါကြိတ်ငို
မေ့မရတဲ့အတိတ်ကိုမင်းမှတ်မိဦးမလား
ပထမအနမ်းကို ရေတွေရွှဲစို အရမ်းကိုချမ်းလို့
နင်ပေးတဲ့ကတိတွေက ညာခဲ့တာလား
ငါ့ကိုပစ်ချ နင်ကတစ်ခြားတစ်ယောက်နဲ့သွား
စကားတွေတတ်တိုင်း ငါ့ကိုနောက်တစ်ခါမလှိမ့်နဲ့
ဘာသူငယ်ချင်းလဲ နင်သူ့လက်မောင်းပေါ်အိပ်ခဲ့
နင်ဘာပဲလုပ်လုပ်အပြစ်မယူ
နင်ဘာပဲလုပ်လုပ်ချစ်သူ နင်ဘာပဲလုပ်လုပ်ခွင့်လွှတ်
နင်ဘာပဲလုပ်လုပ်နားလည်သူကို နှိပ်စက်ခဲ့
မခံနိုင်ဘူးရူးသွပ် နင်ပျော်မြူးဖို့ငါ့အသည်းကိုခူးဆွတ်
လွမ်းလွန်လွန်းလို့ ဆွေးလွန်လွန်းလို့ ငါ့ရင်ထဲက
ချစ်လွန်လွန်းလို့ ဘဝကကြမ်းပေမဲ့
အချစ်ကို နမ်းချင်ခဲ့ အရာတိုင်းဟာနင့်အတွက်
ငါအရမ်းနင့်ကို လွမ်းနေတယ်
လွမ်းလွန်လွန်းလို့ ဆွေးလွန်လွန်းလို့ ငါ့ရင်ထဲက
ချစ်လွန်လွန်းလို့ ဘဝကကြမ်းပေမဲ့
အချစ်ကိုနမ်းချင်ခဲ့ အရာတိုင်းဟာနင့်အတွက်
ငါအရမ်းနင့်ကို လွမ်းနေတယ်( ဟာ...ဟာ...ဟား)
အချစ်ဆိုတာပိုင်ဆိုင်ခြင်းတော့
မဟုတ်တာသေချာတယ် ဒါဆိုရင်
စွန့်လွှတ်ခြင်းများလား ကျွန်တော်ကတော့
အချစ်ဆိုတာချစ်နေဖို့လို့ပဲထင်ပါတယ်
အဲ့ဒီတော့ သူကျွန်တော်အနားမှာရှိသည်ဖြစ်စေ
မရှိတော့ဘူးဖြစ်စေ ကျွန်တော်သူ့ကိုချစ်နေမှာပါပဲ
ခုနှစ် သက္ကရာဇစ်တွေပြောင်းလဲလို့
ရာသီဥတု နွေနဲ့မိုးက ဆောင်းထဲကို
တို့နှစ်ယောက်ရဲ့ ဇာတ်လမ်းတစ်ခန်းရပ်လို့
အလွမ်းဇာတ်က မလွယ်ဘူးဟေ့ကန့်သတ်ဖို့
ခုနှစ် သက္ကရာဇစ်တွေပြောင်းလဲလို့
ရာသီဥတု နွေနဲ့မိုးက ဆောင်းထဲကို
တို့နှစ်ယောက်ရဲ့ ဇာတ်လမ်းတစ်ခန်းရပ်လို့
အလွမ်းဇာတ်က မလွယ်ဘူးဟေ့ကန့်သတ်ဖို့
တစ်စိမ်းလို့လဲ မနေချင်ဘူး
ဒါပေမဲ့ ချစ်သူငါမဟုတ်ဘူး
အဝေးမှာလဲ မနေလိုဘူး ဒါပေမဲ့ မင်းနဲ့ငါမနီးဘူး
သူငယ်ချင်းလေးတစ်ယောက်လိုနေဖို့
လွယ်လွယ်လေးနဲ့ဖြတ်ခဲ့လို့ ရေအိုင်ထဲက
လရိပ်ချို လွမ်းလွန်လွန်းလို့ ဆွေးလွန်လွန်းလို့
ငါ့ရင်ထဲက ချစ်လွန်လွန်းလို့
ဘဝကကြမ်းပေမဲ့ အချစ်ကိုနမ်းချင်ခဲ့
အရာတိုင်းဟာနင့်အတွက်
ငါအရမ်းနင့်ကို လွမ်းနေတယ်
လွမ်းလွန်လွန်းလို့ ဆွေးလွန်လွန်းလို့
ငါ့ရင်ထဲက ချစ်လွန်လွန်းလို့ ဘဝကကြမ်းပေမဲ့
အချစ်ကိုနမ်းချင်ခဲ့ အရာတိုင်းဟာနင့်အတွက်
ငါအရမ်းနင့်ကို လွမ်းနေတယ်