သီချင်း - ဝမ်းနည်းမှတ်တမ်း
တေးဆို - စိုင်းစိုင်းခမ်းလှိုင်
မျောလွင့်နေတဲ့တိမ်
စိတ္တဇဆန်တဲ့ဒီမိုးများ
ရွာနေတုန်းငါချမ်းလို့တုန်
မိုးသည်းတဲ့ညတွေမှာ
တမ်းတနေတညလုံး
ချစ်တတ်တဲ့ငါတော့ရူး
မျောလွင့်နေတဲ့တိမ်
စိတ္တဇဆန်တဲ့ဒီမိုးများ
ရွာနေတုန်းငါချမ်းလို့တုန်
မိုးသည်းတဲ့ညတွေမှာ
တမ်းတနေတညလုံး
ချစ်တတ်တဲ့ငါတော့ရူး
ဝေးခဲ့ပြီအရိုးဆွေးတဲ့အထိငါတို့့ပေါင်းကြဖို ့
သန္ဓိဌာန်ချထားခဲ့တာပဲ
ငါမင်းရင်ခွင်မှာခေါင်းချမလို ့
ငါရေးတဲ့အပြာရောင်စာရွက်တွေ
အနီရောင်ဖြစ်ပြောင်းသွား
ငါတို့ရဲ့အပြာရောင်တိမ်တိုက်တွေ
မိုးတွေအဖြစ်နဲ ့ရွာချ
ငါ့မျက်လုံးထဲကရေခဲမြစ်တွေ
အရည်တွေပျော်ကုန်ပြီ
အရည်တွေပျော်ကုန်ပါပြီကွာ
ဒီဒိုင်ယာရီကိုရေးသား
မင်းနဲ့ငါနဲ ့ပျော်ရွင်မြူး
နှစ်သစ်ကူးပေါင်းမနည်းဘူး
အခုရင်မှာအတွင်းကြေနေတာ
အသက်ရှူေတောင်မဝတော့ဘူး
မင်းလိုချင်တဲ့ဂရုစိုက်မှု
ငါ့ဘက်ကမပေးနိုင်
ယုံကြည်စွာမျှော်လင့်ခဲ့
ငါတို့နှစ်ယောက်တော့မဝေးနိုင်
ဘာကြောင့်မို့ကွဲရတာလဲ
ငါ့ဦးနှောက်ကမတွေးနိုင်
ဒီနေ့ထိမမေ့နိုင်
ငါလွမ်းဆဲပဲယနေ့တိုင်
ငါ့အခန်းနံရံတွေပေါ်မှာ
မင်းဓါတ်ပုံတွေကပ်ထားဆဲ
ငါ့နှလုံးသွေးလည်ပတ်မှုတော့
ယနေ့ကစပြီးရပ်တန့်ခဲ့
အခြေအနေမဲ့လေနေခဲ့
အပေအတေပဲငါကြေကွဲ
နင်နေခဲ့ကြွေနေဆဲအသေအကြေပဲ
မျောလွင့်နေတဲ့တိမ်
စိတ္တဇဆန်တဲ့ဒီမိုးများ
ရွာနေတုန်းငါချမ်းလို့တုန်
မိုးသည်းတဲ့ညတွေမှာ
တမ်းတနေတညလုံး
ချစ်တတ်တဲ့ငါတော့ရူး
တိုက်ဆိုင်လိုက်တာများကွာဖေဖော်ဝါရီ၉ရက်
ဆိုးချက်ကရင်နင့်စရာတောင်ငူကိုသွားခဲ့
ဗလောင်ဆူတဲ့ရင်ခွင်နဲ့အမှောင်တူတူဖြတ်ခဲ့
အရောင်တူတူညတွေထဲ
သစ်ပင်ကိုဝင်ကျုန်းပစ်ချင်တယ်
မင်းကဘာကိုအထင်ကြီးတာလဲ
မင်းကဘာကိုမက်မောတာလဲ
မကြားချင်လည်းနားပိတ်ထားလိုက်
ငါကတော့ဒါကိုဆက်ပြောမှာပဲ
မင်းအပေါင်းအသင်းတွေလာလာဖြတ်တဲ့
စကားတွေနဲ့တင်ပျာယာခက်ခဲ့
ဟိုအရင်ကတော့ဒါဟာမမှတ်တမဲ့
အခုတော့မုန်တိုင်းထဲငါဟာရပ်ခဲ့
နားလည်ပေးပါပရိသတ်ကြီးရယ်
ကျွန်တော်ဒီလောက်ထိချစ်တဲ့ဟာကို
အပြစ်မဲ့တာကိုလွယ်လွယ်မပြောချင်
မုသာဝါဒကျူးလွန်ခဲ့
နှစ်အချိုးတစ်ဆိုတာမဟုတ်ဘူးညာတာ
တကယ်ကတစ်အချိုးတစ်ဒါတွေအကုန်လုံး
ရှင်းပစ်အချိန်ကျတော့မင်းကငါ့ကိုထားရစ်
ချစ်ခဲ့တာ ၄ နှစ် အပြစ်မဲ့စွာဝေးလွင့်
အဖြစ်အပျက်တွေပြန်လည်တွေးရင်း
အိမ်ပြန်ခဲ့ပါတော့ကွာငါ့အချစ်
တောင်းပန်တယ်ကွာ
တလောကလုံးဗြောင်းဆန်နေတာပဲ
တကယ်ချစ်ခဲ့တယ်ဆိုတာကတော့
လုပ်ဇာတ်မဟုတ်ပါဘူးပရိသတ်ကြီးရယ်
မျောလွင့်နေတဲ့တိမ်
စိတ္တဇဆန်တဲ့ဒီမိုးများ
ရွာနေတုန်းငါချမ်းလို့တုန်
မိုးသည်းတဲ့ညတွေမှာ
တမ်းတနေတညလုံး
ချစ်တတ်တဲ့ငါတော့ရူး
၁၉၉၇ ဒီဇင်ဘာလ ၁ ရက်
ကောင်းကင်ပြာပြာကြီးအောက်မှာ
ကျွန်တော့်ချစ်သူကိုစတွေ့ခဲ့
အဲ့ဒီနေ့ကမိုးမရွာပါ
ဒီဇင်ဘာ ၈ ရက်
နှလုံးသားကိုဓာတ်လိုက်ခဲ့
မင်းကိုချစ်ခဲ့
ဖေဖော်ဝါရီ၁၄ရက်သူပေးတဲ့
လက်စွပ်မောင်းကွင်းလေးကို
လက်ယာဘက်လက်သူကြွယ်မှာဝတ်ဆင်ခဲ့
ဘယ်တော့မှမချွတ်ချင်ခဲ့
ဧပြီ ၁၀ ရက်ကျွန်တော့်မွးနေ့ဘုရားသွားခဲ့
အရူးအမူးပဲ
မေလ၂၃ဘဝတစ်သက်စာလက်တွဲရမယ့်သူလို
လေထဲတိုက်အိမ်ဆောက်ခဲ့ဖူးတာပဲ
ပျော်မြူးခဲ့
တစ်ညလုံးမအိပ်ပဲဖုန်းပြောခဲ့
တစ်ဘဝလုံးစိတ်သုဉ်းရှုံးရာပဲ
ပေးလိုက်ရတာနှလုံးသားနဲ ့
ပြန်ရလိုက်တာ အမုန်းများပဲ
အောက်တိုဘာ ၁၆ ရက်
အတူကြည်နူးတဲ့ရက်တွေရှိသလို
ပြသနာတွေလည်းတက်တယ်
ရန်ဖြစ်လိုက်ပြန်ချစ်လိုက်နဲ့
သူကျွန်တော့်ကိုရက်စက်
ဖေော်ဝါရီ ၉ ရက်အချစ်တစ်ခုကွဲပျက်
အချစ်တစ်ခုကွဲပျက်
မျောလွင့်နေတဲ့တိမ်
စိတ္တဇဆန်တဲ့ဒီမိုးများ
ရွာနေတုန်းငါချမ်းလို့တုန်
မိုးသည်းတဲ့ညတွေမှာ
တမ်းတနေတညလုံး
ချစ်တတ်တဲ့ငါတော့ရူး
မိုးတွေရွာတုန်းမှာ
နားခိုစရာဟာတစ်ကယ်မဲ့လို့
ငါတစ်ယောက်တည်းလျှောက်တယ်
လမ်းများဟာ
မှားယွင်းတဲ့လမ်းတွေမှာ
သွားတုန်းမှာငါပျော်ခဲ့
ရုန်းထွက်ဖို့တကယ်ခက်ခဲ့
လွဲမှားတဲ့ဘဝကြီးကို
သိခဲ့ရနှောက်မှာလေ
အမှားများပြန်ပြင်တုန်းမှာ
အားလုံးနဲ့ငါကဝေး