ရင်တွေ..ခုန်ပါတယ်
မင်းရဲ့ အကြည့်ကြောင့်ကွယ်
လိပ်ပြာစေသူရေ
အို ညစဉ်အိပ်မပျော်တယ်
ယုံကြည်ပါမေရယ်
ကိုယ့်အသည်းလေးပြောပြမယ်
အမျက်တော်ပြေစဉ်ဝယ်
အို ကိုယ့်ရင်မောစေတယ်..
*** ***
မချစ်တတ်သေးတဲ့ ငနဲကိုများ
အရူးအမူးဖြစ်အောင် လုပ်တာလား
မငဲ့ကွက်တော့ပါ သိက္ခာတရား
ချစ်ခွင့်တောင်းမယ်
ငွေရောင်..ပင်လယ်ဝယ်
စိတ်ကူးလေးရွက်လွှင့်မယ်
ပန်းလှေပေါ်မှာကွယ်
အချစ်အိမ်လေးတည်မယ်
ရင်တွေတုန်ပါကွယ်
ကိုယ့်အသည်းလေး အားတတ်ဖွယ်
နိဗ္ဗာန်..ဆိုတာရယ်
အို တို့ကမ္ဘာထဲမှာကွယ်
*** ***
ကိုယ့်ရဲ့အသည်းဟာ မင်းအပိုင်ပါ
ပြုသမျှ နုစရာ ဘဝအခြေမှာ
မရက်စက်သင့်ပါ သနားညှာတာ
ခွင့်လွှတ်ချစ်ပါ
ရင်တွေ..ခုန်ပါတယ်
မင်းရဲ့ အကြည့်ကြောင့်ကွယ်
လိပ်ပြာစေသူရယ်
အို ညစဉ်အိပ်မပျော်တယ်
ယုံကြည်ပါမေရယ်
ကိုယ့်အသည်းလေး ပြောပြမယ်
အမျက်တော်ပြေစဉ်ဝယ်
အို ကိုယ့်ရင်မောစေတယ်..
Thanks all!